မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံမီးလောင်မှု ပျက်စီးဆုံးရှုံးမှုများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံမီးလောင်မှု ပျက်စီးဆုံးရှုံးမှုများ





MNP ၊ ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လိပ္ပုတ်ကျေးရွာ အုပ်စု၊ လိပ္ပုတ်ကျေးရွာ အမှတ်(၄)လမ်းမဘေးရှိ Grand Royal အရက်ချက်စက်ရုံတွင် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ စက်ရုံရှိ RF 96% အရက်ဆီဂါလန် (၅၀,၀၀၀)ဆံ့ Tank (၃)လုံး၊ RF 50% အရက်ဆီလီတာ (၂၀,၀၀၀)ဆံ့ Tank (၆)လုံးနှင့် ဂိုဒေါင်(၃)လုံးတို့ မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။


မီးလောင်မှုအား Level အဆင့် ( ၃ )သတ်မှတ်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ ဦးဆောင်သော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ယာဉ်အုပ်စုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ Level 3 ယာဉ်အုပ်စု၊ စုစုပေါင်း မီးသတ် ယာဉ်(၆၀)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄၅၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀၀)ဦးတို့ဖြင့် မီးလောင် ကျွမ်းသည့် အရက်ချက်စက်ရုံသို့ရောက်ရှိ မီးငြှိမ်းသတ်ခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင်များက စွမ်းစွမ်းတမံမီးငြှိမ်းသတ် ဆောင်ရွက် လျက်ရှိစဉ် ညနေ ၅ နာရီခွဲအချိန်တွင် အဆိုပါစက်ရုံအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် မီးငြှိမ်း သတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးတို့တွင် ဒဏ်ရာအချို့ရရှိခဲ့သောကြောင့် အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။


စက်ရုံမီးလောင်ကျွမ်းရသည့်အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအား စိစစ်တွက်ချက်လျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)