ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်





MNP  -    ဇန်နဝါရီ  ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်း များသည် ဂုံးချွိန်ကျေးရွာအုပ်စုရှိ ကျောက်တစ်လုံး IDPs စခန်းမှ အခြေခံပညာမူလတန်းလွန်ကျောင်း သို့သွားရောက်ပြီး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းက  ကျင်းပပြုလုပ်သည်။ 


ဟောပြောပွဲတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်ခင်မာအောင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူတို့၏ သွင်ပြင်လက္ခဏာများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် အသက်ဆုံးရှုံးရပုံများကို ကျောင်းသား၊ ကျောင်းသူများအား အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ 


 ယင်းနောက် အဆိုပါဦးစီးဌာနဝန် ထမ်းများက ကျန်းမာရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဂျာနယ်များကို ခင်းကျင်းပြသထားရှိရာ ၎င်း IDPs စခန်းရှိ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ ဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)