နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် Jeng Phang နော်တောင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် Jeng Phang နော်တောင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်


MNP  -  ဇန်နဝါရီ ၁

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန က ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ် နှင့် တိုင်းဒေသကြီး (အလွတ်တန်း ဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ဆက်လက်ကျင်းပသည်။


 ပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။


ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား/ အမျိုးသမီး ဝိတ်တန်းအလိုက် ဗန်တို အတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိ ခဲ့ကြသူများကို မြန်မာနိုင်ငံသိုင်း အဖွဲ့ချုပ်မှ ဒိုင်ဆရာကြီးများနှင့် သိုင်းပညာရှင်ဆရာကြီးများက လည်းကောင်း၊ အမျိုးသမီး (၄၉-၅၃)ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသား/ အမျိုသမီး (၄၅-၅၀)ကီလို ဓားတစ်လက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်ခင်လေးမွန်က လည်းကောင်း၊ အမျိုးသား/အမျိုသမီး (၄၀-၄၅)ကီလို ဓားတစ်လက်ပြိုင်ပွဲနှင့် အမျိုးသမီး တစ်ကိုယ်တော် လှံရှည်စွမ်းရည်ပြပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆု ရရှိခဲ့ကြသူများကို အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက လည်းကောင်း။


(အမျိုးသား/ အမျိုးသမီး) တစ်ကိုယ်တော်တုတ်ရှည် စွမ်းရည်ပြပြိုင်ပွဲနှင့် (အမျိုးသား) တစ်ကိုယ် တော် လှံရှည်စွမ်းရည်ပြပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသူများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းက လည်းကောင်း၊ အမျိုးသား (၄၉-၅၃)ကီလို ဗန်တိုအတိုက်ပြိုင်ပွဲနှင့် (အမျိုးသား/ အမျိုးသမီး) တစ်ကိုယ်တော် ဓားတစ်လက်၊ ဓားနှစ်လက် စွမ်းရည်ပြပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆု ရရှိခဲ့ကြသူများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက လည်းကောင်း၊ အမျိုးသား/ အမျိုးသမီး ဝိတ်တန်းအလိုက် ဗန်တိုအတိုက်ပြိုင်ပွဲနှင့် အမျိုးသား(၄၅-၅၀)ကီလို ဓားတစ်လက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆု ရရှိခဲ့ကြသူများကို မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်က လည်းကောင်း။


(အမျိုးသား/ အမျိုးသမီး) တစ်ကိုယ်တော် လက်သိုင်းစွမ်းရည်ပြပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့ကြသူများနှင့် အမျိုးသား/အမျိုးသမီး ဓားအတိုက်ပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုရရှိသည့် အောင်ပြည့်သူ(ရန်ကုန်)နှင့် လဲ့လဲ့ဝင်း(ရှမ်း)၊ အမျိုးသား/ အမျိုးသမီး တစ်ကိုယ်တော်လက် သိုင်းပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆု ရရှိခဲ့ကြသည့် စံလင်း (ဧရာဝတီ)နှင့် မာရီနာ(ရန်ကုန်)တို့အား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က တစ်ဦးချင်းဆု ဆွဲပြား၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ရွှေလေးခု၊ ငွေလေးခု၊ ကြေးနှစ်ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်ဆု ရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းနှင့် ရွှေငါးခု၊ ငွေငါးခု၊ ကြေး နှစ်ခုတို့ဖြင့် အမျိုးသမီးတံခွန်စိုက် ဆုရရှိသည့် ရန်ကုန်တိုင်းဒေသ ကြီးအသင်းတို့ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကလည်းကောင်း၊ ရွှေခုနစ်ခု၊ ငွေ ကိုးခု၊ ကြေးလေးခုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဆုရရှိသည့် ရန်ကုန် တိုင်းဒေသကြီးအသင်းကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် Jeng Phang နော်တောင် ကလည်းကောင်း တံခွန်စိုက်ဆုများ ပေးအပ်ချီးမြှင့်သည်။


ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပလျက်ရှိသည့် ၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ် နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ပြေးခုန်ပစ်ပြိုင်ပွဲ ပထမနေ့နှင့် ဒုတိယနေ့ပွဲစဉ်များတွင် အမျိုးသား သံပြားဝိုင်းပစ်နှင့် အမျိုးသမီး မီတာ ၁ဝဝဝဝ ပြိုင်ပွဲ အမျိုးအစားများ၌ ဆုရရှိကြသူ များကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လည်းကောင်း၊ အမျိုးသား မီတာ ၁ဝဝဝဝ၊ အမျိုးသား၂၀ ကီလိုမီတာ လမ်းလျှောက်၊ အမျိုးသမီး ၁၀ ကီလိုမီတာ လမ်းလျှောက်နှင့် အမျိုးသား/အမျိုးသမီး ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ အမျိုးအစားများတွင် ဆုရရှိကြသူ များကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်း ကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)