နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် မြစ်ကြီးနားမြို့၌ အသစ်တည်ဆောက်ဖွင့်လှစ်ပေးသွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာနှင့် ကွန်ပျူတာတက္ကသိုလ်မြေနေရာလျာထားမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် မြစ်ကြီးနားမြို့၌ အသစ်တည်ဆောက်ဖွင့်လှစ်ပေးသွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာနှင့် ကွန်ပျူတာတက္ကသိုလ်မြေနေရာလျာထားမှု ကြည့်ရှုစစ်ဆေး


MNP   -  ဇန်နဝါရီ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့၌ အသစ်တည်ဆောက်ဖွင့်လှစ်ပေးသွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာနှင့် ကွန်ပျူတာတက္ကသိုလ် မြေနေရာလျာထားမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမင်းသိန်းဇံ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့နှင့် အတူမော်ဖောင်းကျေးရွာအုပ်စု ပိတောင်ကွင်းသို့ရောက်ရှိပြီး မြစ်ကြီးနားမြို့တွင် အသစ် တည်ဆောက်ဖွင့်လှစ်ပေးသွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာ၊ ကွန်ပျူတာတက္ကသိုလ် မြေနေရာနှင့် ဌာနဆိုင်ရာလျာထားမြေနေရာများကို ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထို့ပြင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့သည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ရေကူးပြေးလမ်း ၁၀ လမ်းပါ ရေကူးကန်တည်ဆောက်ပြင်ဆင်ပြီးစီးမှု၊ ရေကူးကန်အနီးမြေကွက်လပ်တွင် ဖူဆယ် အားကစားရုံတည်ဆောက်နေမှုနှင့် ငြိမ်းချမ်းသာယာဘောလုံးကွင်း အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များမှာကြားသည်။


၏https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)