နိုင်ငံသားတိုင်း အခြေခံပညာကို KG+ 9 အထိ မဖြစ်မနေသင်ကြားနိုင်ရေးအကောင်အထည်ဖော် ဆောင်ရွက်ကြရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံသားတိုင်း အခြေခံပညာကို KG+ 9 အထိ မဖြစ်မနေသင်ကြားနိုင်ရေးအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်


MNP  -  ဇန်နဝါရီ ၆

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဦးကျော်မိုးထွန်း၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှည်းကူးမြို့နယ် ဖောင်ကြီးအခြေခံပညာအထက်တန်းကျောင်း၊ မင်းကုန်းအခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အခြေခံပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ ဆရာမများအနေဖြင့် ကျောင်းသားကျောင်းသူများကို အမှန်တကယ်ပညာတတ်မြောက်အောင် သင်ကြားပေးကြရမည်ဖြစ်ပါကြောင်း၊ ပညာတတ်အောင်သင်ကြားပေးခြင်းနှင့်အတူ ယဉ်ကျေးလိမ္မာအောင်၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ရှိအောင်နှင့် အကျင့်စာရိတ္တကောင်းမွန်သော ပညာပြည့်ဝနှလုံးလှသည့် နိုင်ငံသားကောင်းများ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ပြုစုပျိုးထောင်ရာတွင် မိဘ၊ ဆရာ၊ ကျောင်းသားပူးပေါင်း၍ လက်တွဲညီညီကြိုးစားဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ နိုင်ငံသားတိုင်းအခြေခံပညာကို KG+ 9 အထိ မဖြစ်မနေသင်ကြားနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအေးချမ်းစွာဖြင့် ပညာသင်နှစ်တစ်နှစ် အောင်မြင်ပြီးမြောက်အောင် သင်ယူနိုင်ရေးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာတို့ဖြင့် သစ္စာရှိရှိ ကြိုးစား သင်ကြားပေးနေကြသည့် ဆရာ ဆရာများအားလုံးကို အထူးကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ဆရာ၊ မိဘများ ကြည်နူးပျော်ရွှင်စွာလက်တွဲ၍ ပညာရေးစုံညီပွဲတော်များ၊ အားကစားပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပဆောင်ရွက်နေသည်ကို ဝမ်းမြောက်စွာတွေ့မြင်ရပါကြောင်း၊ ကျောင်းများတွင် စီမံရေးရာဆိုင်ရာ၊ ဘဏ္ဍာရေးရာဆိုင်ရာနှင့် ပညာရေးဆိုင်ရာလုပ်ငန်းလိုအပ်ချက်၊ အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီတင်ပြစေလိုပါကြောင်း၊ လိုအပ်ချက်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားကာလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)