လဟယ်မြို့တွင် KGတန်းမှ Grade-5 အထိ အသက် (၅)နှစ်မှ (၁၂)နှစ်အောက် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လဟယ်မြို့တွင် KGတန်းမှ Grade-5 အထိ အသက် (၅)နှစ်မှ (၁၂)နှစ်အောက် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံ


MNP  -   ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် KG တန်းမှ Grade-5 အထိ အသက်(၅)နှစ်မှ (၁၂)နှစ်အောက် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းကို ယနေ့နံနက် (၀၉:၀၀) နာရီအချိန်တွင် လဟယ်မြို့ပေါ်ရှိ ကျောင်းသား/သူများကို စတင်ထိုးပေးလျက်ရှိသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေး အပိုဆောင်းထိုးနှံခြင်းကို လဟယ်မြို့ပေါ်ရပ်ကွက်ရှိ အခြေခံကျောင်းများဖြစ်ကြသော လဟယ် အ ထ ကကျောင်း၊ မြို့မ မူလွန်ကျောင်း၊ တိုးချဲ့-၂ အ မ ကကျောင်း၊ ဘ/ကကျောင်းနှင့် တပ်တွင်း ကျောင်းရှိ KGတန်းမှ Grade-5 အထိ‌အသက် (၅)နှစ်မှ (၁၂)အောက် ကျောင်းသား/သူ (၉၃၀)ဦးတို့အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း လဟယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သိရှိရပါသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)