ဟုမ္မလင်းမြို့နယ်၊ နတ်နန်းကျေးရွာအနီးတွင် KIA/PDF အကြမ်းဖက်သမား ၄ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်းမြို့နယ်၊ နတ်နန်းကျေးရွာအနီးတွင် KIA/PDF အကြမ်းဖက်သမား ၄ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

 


MNP ၊ ဇန်နဝါရီလ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် နတ်နန်းကျေးရွာအနီးတွင် KIA/PDF များရှောက်ရှိနေကြောင်းကို  ယမန်နေ့ နေ့လယ် ၁ နာရီခွဲခန့်တွင်  အေးချမ်းစွာနေထိုင်လိုသော ဒေသခံများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲများမှ သွားရောက်ရှင်းလင်းမှုများပြုလုပ်ခဲ့ရာ KIA/PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပေါ်ခဲ့သည်။


လုံခြုံရေးအဖွဲ့များမှ ပစ်ခတ်ရှင်းလင်း နှိမ်နင်းမှုများ လုပ်ဆောင်ခဲ့ရပြီး KIA/PDF အကြမ်းဖက်သမားများ ဒဏ်ရာများစွာဖြင့် ခွေးပြေးဝက်ပြေးထွက်ပြေးရာ လမ်းကြောင်းတလျောက် လုံခြုံရေးအဖွဲ့များက လိုက်လံရှင်းလင်းခဲ့ရာ KIA/PDF အကြမ်းဖက်သမား ၄ ဦး (အသေ)၊ သေနတ် ၁ လက်၊ ကျည်အိမ် ၅ ခု၊ ကျည်မျိုးစုံ ၁၂၀ တောင့်၊ လက်လုပ်မိုင်း ၄ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၅ လုံး၊ အီကွေ့မန့် ၃ စုံတိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)