ကသာမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာတွင် KIA/PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာတွင် KIA/PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ


MNP ၊ ဇန်နဝါရီလ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ညောင်ခြေထောက်ကျေးရွာတွင် ပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးအဖွဲ့များသည် ဒေသခံပြည်သူများ၏ သတင်းပေးချက်အရ  ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင်  ကျေးရွာအတွင်း တွင်နေထိုင်ခြင်းမရှိသော ကိုမျိုး၏နေအိမ်နှင့် အိအိမွန်တို့၏နေအိမ် တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ KIA/PDF အကြမ်းဖက်သမားများ အသုံးပြုသည့် လက်နက်ခဲယမ်းများနှင့် ဝတ်စုံများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမားများ၏ နေအိမ်များမှ ဒီတိုနေတာ ၁၅၀ ခု၊ တရုတ်လက်ပစ်ဗုံး ၁ လုံး၊ ပြောက်ကျားယူနီဖောင်း ၁၅၂ စုံ၊ ယူနီဖောင်းအစိမ်း ၁ စုံ၊ အရန်မီးသတ်ယူနီဖောင်း ၁ စုံ၊ ပြောက်ကျားဦးထုပ် ၅၀ လုံး၊ KIA/PDF တံဆိပ်ပါ ဘတ် ၅၀ ခု၊ ကြယ်ဖြူပါအလံနီ ၁ ထည်၊ အီကွေ့မန့် ၁၅ ခု၊ ဖြတ်စ ၃၀ ခု၊ အပ်ချုပ်စက် ၁ လုံး၊ ကင်းချည်စက် ၁ လုံး၊ ဘတ္ထရီအိုး ၂ လုံး တိုအားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လုံခြုံရေးအဖွဲ့များသည် သိန်းနိုင်ဝင်း နေအိမ်အား ဝင်ရောက်စစ်ဆေးရာ ပြောက်ကျားယူနီဖောင်း ၂၀ စုံ၊ ဆေးမျိုးစုံ ၁ ဖာ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)