MNP - ဇန်နဝါရီ ၁၅
ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမရှေ့၌ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် ယနေ့နံနက်ပိုင်းက KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ယုတ်မာရက်စက်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အပြစ်မဲ့အရပ်သားပြည်သူ တစ်ဦး သေဆုံး
ဖြစ်စဉ်မှာ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ဒေသခံတိုင်းရင်းသား ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည့်နေရာသို့ KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် လွိုင်ကော်မြို့၏ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ယုတ်မာရက်စက်စွာ အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်သဖြင့် အခမ်းအနားကျင်းပရာ ပြည်နယ်ခန်းမအနီးနှင့် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီး ကျည်များ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါလက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နှင့် ကျောင်းသား ကျောင်းသူ ကလေးငယ်ခြောက်ဦး၊ အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်ပစ်ခတ်
အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့်ယခုကဲ့သို့ ဒေသခံတိုင်းရင်းသားများ၏ ပြည်နယ်နှင့် သက်ဆိုင်သည့်အခမ်းအနားကို ဖျက်ဆီးလိုသော ရည်ရွယ်ချက်အပြင် စစ်ရေးနှင့်မသက်ဆိုင်သည့် လူစည်ကားရာနေရာသို့ အများပြည်သူများကို အစုလိုက်အပြုံလိုက် သေကျေဒဏ်ရာရရှိစေခြင်း အလို့ငှာ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများ၏ ယုတ်မာရိုင်းစိုင်းပြီး လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များကို ဒေသခံပြည်သူများက ရွံရှာမုန်းတီးလျက်ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment