MNP ၊ ဇန်နဝါရီ ၁၅
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင် ယနေ့ နံနက် (၇)နာရီ ဝန်းကျင်ခန့်က (၇၁)ကြိမ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲကို KNPP/KPDF အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်ရာ အပြစ်မဲ့ ပြည်သူတစ်ဦး သေဆုံး၊ ကျောင်းသား(၆)ဦး အပါအဝင် (၁၀)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
(၇၁)ကြိမ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်မုခ်ဦးဖွင့်ပွဲ ကျင်းပနေစဉ် KNPP/ KNDF အဖွဲများက ၆၀ မမ ဖြင့် ၆ လုံးပစ်ခတ်ခဲ့ရာ ဖွင့်ပွဲနေရာအနီးနှင့် ဥတ္တရာရုံဘုန်းကြီးကျောင်းရှေ့ လူနေအိမ်တွင် ပေါ်သို့ ကျပေါက်ကွဲခဲ့ပြီး အရပ်သား ၁ ဦးသေဆုံးခဲ့ရပြီး ရဲတပ်ဖွဲဝင် (၂) ဦး၊ ကျာင်းသား/သူ (၆) ဦး၊ အရပ်သား (၂)ဦး တို့ မစိုးရိမ်ရ ဒဏ်ရာ များရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား တပ်မတော်ဆေးရုံသို ပိုဆောင်ခဲ့ပြီး KNPP/KPDF အကြမ်းဖက်သမားများသည် စစ်ရေးနှင့် မသက်ဆိုင်သည့် လူစည်ကားရာ မုခ်ဦးဖွင့်ပွဲနေရာသို့ ပြည်သူအများအပြား ထိခိုက်စေရန် ရည်ရွယ်ဖြင့် အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ အကြမ်းဖက်သမားများနောက်သို့ တပ်မတော်မှ ထက်ကြပ်လိုက်ပါ ချေမှုန်းလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)
No comments:
Post a Comment