MNP ၊ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို ၂၀၂၃-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ၁၄ရက်၊ နံနက်ပိုင်းက အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ယနေ့နံနက်ပိုင်းက ကယားပြည်နယ်နေ့ အခမ်းအနားဖွင့်ပွဲကို KNPP/PDF အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိကာ အခမ်းအနားကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
၂၀၂၃-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် မုဒ်ဦးဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ၁၄ရက်၊ နံနက်ပိုင်း တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို၊ ရွှေပြည်အေးအားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲဝင်များ၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု ကော်မတီ(ဗဟို)နာယက ဦးရှုစံကြူး၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှူ ကော်မတီ လဟယ် (နာယက) ဦးမောင်ဉာဏ်၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်များ၊ နာဂဒေသခရိုင်/မြိုနယ်အဆင့် ဌာနဆိုင်ရာများနှင့် မြိုမိမြိုဖများ၊ နာဂတိုင်းရင်းသားရိုးရာအကအဖွဲများ တက်ရောက်ကြသည်။
ရှေးဦးစွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို) နာယက ဦးရှုစံကြူး၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှူကော်မတီ လဟယ်(နာယက) ဦးမောင်ဉာဏ်တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲကို ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခမ်းမရှေ့တွင် ယနေ့နံနက်ပိုင်းက ကျင်းပနေစဉ် KNPP/KPDF အကြမ်းဖက်သမားများက ယုတ်မာရက်စက်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အခမ်းအနားကျင်းပရာ ပြည်နယ်ခန်းမအနီးနှင့် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသား/ကျောင်းသူ ၆ဦး နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့ ပြည်သူ အမျိုးသား ၁ဦး သေဆုံးခဲ့ရသည်။
NLD အစွန်းရောက်များ ဦးဆောင်ဖွဲ့စည်းထားသော CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အဖွဲ့အစည်းတချို့သည် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက်လုပ်ရပ်များစွာကို တပ်မတော်က အာဏာထိန်းသိမ်းထားသည့် ကာလတလျှောက် ကျူးလွန်ခဲ့ကြသည်။
#MyanmarNationalPost
No comments:
Post a Comment