KNU/PDF အကြမ်းဖက်သမားများက ခရီးသည်တင်ယာဉ်အား မိုင်းဆွဲတိုက်ခိုက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNU/PDF အကြမ်းဖက်သမားများက ခရီးသည်တင်ယာဉ်အား မိုင်းဆွဲတိုက်ခိုက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရ





MNP ၊ ဒီဇင်ဘာ 

သထုံမြို၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာအနီးတွင် ရန်ကုန်မှ မော်လမြိုင်သို မောင်းနှင်လာသော "သီဟမင်း" Express မှန်လုံယာဉ်အား ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့်က KNU/PDF အကြမ်းဖက်သမားများမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

KNU/PDF အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် "သီဟမင်း"Express ကားမောင်းသူ ယာဘက်မျက်လုံး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ယာဉ်နောက်လိုက် တစ်ဦး ယာဘက်ပါး ပေါက်ပြဲနှင့် သွားကျိုး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

KNU/ PDF အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့်အပေါ် ပြည်သူများက ရွံမုန်းလာကြသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)