သရက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာ ဌာနဆိုင်ရာ ပေါင်းစုံ အလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာ ဌာနဆိုင်ရာ ပေါင်းစုံ အလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ဖွင့်ပွဲကျင်းပ




MNP  -  ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်  ရပ်ကွက်/ကျေးရွာ ဌာနဆိုင်ရာ ပေါင်းစုံအလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲ များ ဖွင့်ပွဲ ကျင်းပခြင်းကို ယနေ့ နံနက်(၈)နာရီက ခရိုင်ဘောလုံးကွင်းအတွင်းရှိ တေဇအားကစား ခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ပြိုင်ပွဲဝင် အသင်းများမှ အားကစား သစ္စာအဓိဌာန် ရွတ်ဆို၍ အလေးပြုပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ သရက်ခရိုင် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်မျိုးလတ်က အဖွင့်အမှာစကား ပြောကြားရာမှာ မြန်မာ့အားကစားကို အရှေ့တောင်အာရှအဆင့် ပြိုင်ပွဲများမှာ  အဆင့်မြင့်မားစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး နှင့်အောင်မြင်မှုများရရှိစေရေး၊ စည်းကမ်းပြည့်ဝပြီး အရည်အချင်းရှိသော နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ထွက်ပေါ်လာစေရေးအတွက် အခြေခံဖြစ်သည့် မြို့နယ်အဆင့်၊ ခရိုင်အဆင့် ပြိုင်ပွဲများအား စဉ်ဆက်မပြတ် ကျင်းပပေးရခြင်း ဖြစ်ကြောင်း ပြောကြား ပေးခဲ့သည်။


ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ပြိုင်ပွဲဝင် အသင်းများအား လိုက်လံနှုတ်ဆက်ပေးခဲ့ကာ ဖွင့်ပွဲအပြီးတွင် ပထမပွဲစဉ်အဖြစ် အမှတ်-၆ ရပ်ကွက်အသင်းနှင့် ရေပေါ်ကျွန်းအသင်းတို့မှ စတင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)