MNP - ဇန်နဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေး ဦးအောင်နိုင်၊ နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းဗိုလ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသက်ခိုင်၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကလိန်အောင်မြို့ အခြခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ပညာပန်းခင်းသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးဝင်းဇော်မှ အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းမှ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ကြသည်။
ပြီးနောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုရရှိသူများ၊ ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်နှင့် ဗဟိုအဆင့် အားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများနှင့် စာစီစာကုံးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများကို ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝင်းဗိုလ်နှင့် တာဝန်ရှိသူများ အသီးသီးဆုများပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ ကျောင်းသား/သူကလေးငယ်များမှ အကပဒေသများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေး ဦးအောင်နိုင်နှင့် ဌာနဆိုင်ရာများ၊ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝင်းဗိုလ်၊ ကလိန်အောင်နယ်မြေခံတပ်ရင်းမှအရာရှိများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ သူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
ခင်ခင်လဲ့
https://t.me/MyanmarNationalPost
No comments:
Post a Comment