စလင်းမြို့စည်ပင်သာယာမြို့မစျေးအတွင်းအပြင် စားသုံးရန်မသင့်သော အစားအသောက်ကုန်ပစ္စည်းများ စျေးကွက်အတွင်း ရောင်းချခြင်းရှိ/ မရှိစားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့စည်ပင်သာယာမြို့မစျေးအတွင်းအပြင် စားသုံးရန်မသင့်သော အစားအသောက်ကုန်ပစ္စည်းများ စျေးကွက်အတွင်း ရောင်းချခြင်းရှိ/ မရှိစားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး





MNP  -   ဇန်နဝါရီ  ၁၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ စည်ပင်သာယာစျေးကြီးအတွင်းအပြင်ရှိ ကုန်စုံဆိုင်နှင့်မုန့်ဆိုင်များအား ရောင်းချလျက်ရှိသော အစားအသောက်နှင့်ကုန်ပစ္စည်း (၇)မျိုး တို့အား စားသုံးရန်သင့်/မသင့် အစားအ​အသောက်အမှတ်တံဆိပ် မပါစားသောက်ကုန်များ ဖြစ်သည့်  စွဲမက်ဖျော်ရည်(၆)မျိုးနှင့် ရွှေလင်းယုန်အမှတ်တံဆိပ်ပါ ငရုပ်ဆီတို့အား စျေးကွက်အတွင်း ရောင်းချခြင်းရှိ မရှိစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က စားသုံးသူ ရေးရာ ဦးစီးဌာနနှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


စလင်းမြို့မစျေးကြီးအတွင်း အပြင်ရောင်းချလျက်ရှိသော မုန့်ဆိုင်များနှင့်ကုန်စုံဆိုင်များအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စျေးကွက်အတွင်း ရောင်းချလျက်ရှိသော ကုန်စုံဆိုင်မုန်ဆိုင်များ၌ စားသုံးရန်မသင့်ဟုသတ်မှတ်ထား သော အစားအသောက်ကုန်ပစ္စည်းများ ကွင်းဆင်းစစ်ဆေးခြင်းများကို စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဆန်းလင်းမောင်၊ ဦးသီဟဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စျေးတာဝန်ခံ ဦးညီညီစန်းနှင့်ကော်မတီအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများလိုက်ပါ၍ စစ်ဆေးခဲ့ကြသည်။ ထိုသို့စစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ သတ်မှတ်ပမာဏထက်ကျော်လွန်၍ ဓာတုဆိုးဆေးများပါဝင်၍ ရောင်းချလျက်ရှိကြောင်းသိရှိရ၍ နတ်မောက်မြို့နယ် မြို့မစျေးနှင့် မြို့ပေါ်ရှိကုန်စုံဆိုင်များမှ အစားအသောက်နမူနာများ ဓာတ်ခွဲစစ်ဆေးချက်နှင့် မင်းလှမြို့နယ် ဇေယျသီရိမြို့မစျေးအတွင်းရှိ စျေးဆိုင်များမှ အစားအသောက် ကုန်ပစ္စည်း (၁၇ )မျိုးကို နေပြည်တော်ဓာတ်ခွဲခန်း သို့ စားသုံးရန်သင့်၊ မသင့်ဓာတ်ခွဲနမူနာစမ်းသပ်စစ်ဆေးခဲ့ရာ မင်းလှမြို့နယ်မှ အစားအသောက် (၁၀) မျိုးအနက် (၁)မျိုးတွင် သတ်မှတ်မမာဏထက်ကျော်လွန်၍ ဓာတုဆေးများ ပါဝင်နေကြောင်းနှင့် နတ်မောက်မြို့မှ အစားအသောက်နမူနာ (၁၇) မျိုးအနက်မှ (၆)မျိုးမှ သတ်မှတ်ပမာဏထက်ကျော်လွန်၍ ပါဝင်နေကြောင်းတွေ့ရှိရ၍ ကွင်းဆင်းစစ်ဆေး ရခြင်းဖြစ်သည်။


 အဆိုပါပစ္စည်းများဖြစ်သည့် စွဲမက်အမှတ်တံဆိပ်ပါ ဖျော်ရည်များဖြစ်သည့် နာနတ်ဖျော်ရည်၊ လိမ္မော်ဖျော်ရည်၊ စတော်ဘယ်ရီဖျော်ရည်၊ စပျစ်ဖျော်ရည်၊ လိုင်ချီးဖျော်ရည်၊ သံပုရာ ဖျော်ရည်နှင့် ရွှေလင်းယုန်အမှတ်တံဆိပ်ပါ ငရုပ်ဆီတို့အား စလင်းမြို့မစျေးကြီးအတွင်းအပြင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ရောင်းချခြင်းမရှိကြောင်းနှင့် စျေးကွက်အတွင်း ရောင်းချခြင်းများတွေ့ရှိပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဆန်းလင်းမောင်မှ စျေးရောင်းချသည့် စျေးဆိုင်ပိုင်ရှင်များနှင့်စျေးရောင်း ချသူများအား အသိပညာပေးပြောကြားခဲ့ကာ စျေးကွက်အတွင်းရောင်းချခြင်းမရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)