ပုံပါကျင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုံပါကျင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ




MNP  -   ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ အ.ထ.က အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက ''မြန်မာ့ကျောင်း''သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း (ပုံပါကျင်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ပြုံးပြုံးယဉ်က အဖွင့်အမှာစကားပြောကြားပြီး ဆက်လက်၍ အပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့်ပညာရေး၏တန်ဖိုးများ၊ ထပ်မံတိုး၍လာသောစနစ်သစ်ပညာရေး၏ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် (A)အဆင့်ဖြင့်အောင်မြင်သော KG မှ Grade-4 အထိ ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကာယ၊ ဉာဏ်စွမ်းရည်ပြိုင်ပွဲများ၌ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် အ.ထ.က -ပုံပါကျင်မှကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ရာ အခမ်းအနားတက်ရောက်လာသူများက ဂုဏ်ပြုဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သော်တာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)