MNP - ဇန်နဝါရီ ၁၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲပိုင်းကပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင်ြ ဝန်ထမ်းများက စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
စာငှား၊စာဖတ်သူတိုးပွားစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အထများ တိုးပွားစေရေးအတွက် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူများအတွက် သုတ/ ရသ စာအုပ်များကို Mobile Library စနစ်ဖြင့် အခမဲ့ငှားရမ်းပေးခြင်းဖြစ်ပြီး ထိုသို့ ငှားရမ်းပေးခြင်းကို တစ်ပတ် ပြည့်လျှင် စာအုပ်သစ်များ လဲလှယ််ပေးခြင်းဖြင့် ငှားရမ်းပေးလျက်ရှိသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment