ခိုလမ်မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခိုလမ်မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး



MNP  -  ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၁:၀၀)နာရီအချိန်ခန့်က အ.မ.က(နောင်ပိန်)ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ လာရောက်ရန် အခက်အခဲရှိပြီး အလုပ်တာဝန်မအားလပ်သည့် စာဖတ်ပရိသတ်များကို အိမ်တွင်အနားယူ စာပေဖတ်ရှု့လေ့လာစေရန်ရည်ရွယ်၍ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ၊ ရသစာအုပ်(၅၀)အုပ်ကို အခမဲ့သွားရောက်ငှားရမ်းပေးခဲ့ပြီး တစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


နေလင်းထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)