ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ဖွံ့ဖြိုးမှုပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးရုံး၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. David McLachlan-Karr နှင့် အဖွဲ့ကို လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ဖွံ့ဖြိုးမှုပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးရုံး၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. David McLachlan-Karr နှင့် အဖွဲ့ကို လက်ခံတွေ့ဆုံ


MNP   -   ဇန်နဝါရီ ၁၉

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ဖွံ့ဖြိုးမှုပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးရုံး၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. David McLachlan-Karr နှင့်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား လက်ရှိပူးပေါင်းဆောင်ရွက်မှုနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံဆိုင်ရာအစီအစဉ်များ ဆက်လက်အကောင်အထည်ဖော်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)