မချမ်းဘော့မြို့နယ် အထင်ကရနေရာများသို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)မှ ရိုက်ကူးရေးလုပ်ငန်းများ ကွင်းဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘော့မြို့နယ် အထင်ကရနေရာများသို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)မှ ရိုက်ကူးရေးလုပ်ငန်းများ ကွင်းဆင်း




MNP  -  ဇန်နဝါရီ ၁၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ရှိ အထင်ကရ နေရာများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေမှုများကို ကွင်းဆင်းရိုက်ကူးခြင်း မှတ်တမ်းရယူခြင်းများကို ယမန်နေ့နံနက် ၁၁ နာရီကစ၍ ဆောင်ရွက်ခဲ့သည်။


ကွင်းဆင်းရိုက်ကူးရာတွင် မချမ်းဘော့မြို့၏ အထင်ကရနေရာ ကျောက်နဂါး ဖြစ်ပေါ်လာပုံ သမိုင်းမှတ်တမ်းများ၊ နေ့စဉ်လည်ပတ်ရောက်ရှိကြသူများ၊ သဘာဝ ကျောက်နဂါး၏ ထူးခြားမှုများကို ဒေသခံပြည်သူများနှင့် အမေးအဖြေ အင်တာဗျူး အစီအစဉ်များ ရိုက်ကူးခြင်း၊ ဂူဘားရိပ်သာတည်ဆောက်ထားမှုနှင့် ပတ်သက်၍ သမိုင်းမှတ်တမ်းများ အချက်အလက်များကို ဒေသခံပြည်သူများနှင့် အမေးအဖြေ ဆောင်ရွက်ခြင်း၊ ဂူဘားရိပ်သာ ဘေးမလိခမြစ်၏ တောတောင်သဘာအလှများ  ဂူဘားရိပ်သာတည်ဆောင်ထားမှု အခန်းဖွဲ့စည်းထားမှုနှင့် ဧည့်သည်လာရောက်လည်ပတ်မှုအခြေအနေများကို ရိုက်ကူးသည်။


ဆက်လက်၍ အင်ဘူးဘော့ကျေးရွာရှိ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးဆောင်ရွက်နေသည့် အသီးစိုက်တောင်သူ ဦးနန်မွန်းထင်၏ ဂရိတ်ဖရု၊ ဘုရင်သီးနှင့် အမေရိကန်သံပုရာ စိုက်ပျိုးခြံ၏ စိုက်ပျိုးမှု အခြေအနေများ၊ စိုက်ပျိုးပုံအဆင့်ဆင့်နှင့် စျေးကွက်ဝင်ရရှိမှုနှင့် အထွက်နှုန်း အခြေအနေများကို ခြံပိုင်ရှင်တောင်သူနှင့် အမေးအဖြေ များ ရိုက်ကူးခြင်းနှင့် မန်ခွတ်ကျေးရွာ ဆီမုံညင်းစိုက်တောင်သူဦးဝဒမ်းခေါင်ဖီ၏ ဆီမုံညင်း စိုက်ပျိုးမှု အခြေအနေများ ဆီထွက်သီးနှံရရှိမှု အခြေအနေများကို ရိုက်ကူးခြင်းများ ဆောင်ရွက်သည်။


ထို့နောက် ကောင်းမှုလုန်ကျေးရွာရှိ ကောင်းမှုလုန်စေတီတော်မြတ်ကြီး၏ တည်နေပုံ၊ စေတီတော်မြတ်ကြီး၏ သမိုင်းကြောင်းများ ရိုက်ကူးခြင်း သိရှိလိုသည့် အချက်အလက်များကို ခရိုင်သာသနာရေးမှူး လက်ထောင်ညွှန်ကြားရေးမှူး  ဦးဝင်းရွှေနှင့် အမေးအဖြေများ ရိုက်ကူးဆောင်ရွက်ခဲ့သည်။


အဆိုပါ ကွင်းဆင်းရိုက်ကူးခြင်းများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)မှ ဦးစီးအရာရှိ ဒေါ်မေလိခစိုး၊ ဒေါ်ကေခိုင်အေး ရုပ်သံကျွမ်းကျင်- ၁ ၊ ဦးမြထွန်းဦး ရုပ်သံကျွမ်းကျင်-၂ ၊ ဦးမျိုးဇော်အောင် ရုပ်သံကျွမ်းကျင်-၂ တို့ကဆောင်ရွက်ကြပြီး   ကချင်​ပြည်နယ်အစိုးရအဖွဲ့ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဝင်းစိုး ၊ ပူတာအိုခရိုင် ၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးမြင့်ထွေး၊ မချမ်းဘော့မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်း၊ မြို့နယ်စိုက်ပျိုးရေးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်လွင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီလွင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်၊ မြို့နယ်သာသနာရေး ဦးစီးဌာနမှူး ဦးချမ်းမင်းအောင်တို့က လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


ယောရွှေနီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)