ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (myancophram) တတိယအကြိမ် (Booster Does) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (myancophram) တတိယအကြိမ် (Booster Does) ထိုးနှံပေး




MNP  -  ဇန်နဝါရီ ၁၈

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့်လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (myancophram)ကို ယနေ့နံနက် ၉ နာရီက အ.ထ.က(ဇီးကုန်း)ကျောင်း၌ ဆေးထိုးစုရပ်သတ်မှတ်၍ တတိယအကြိမ် ဆက်လက် ထိုးနှံပေးခဲ့သည်။


ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူ (၃၁၅) ဦးကို သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ဆရာကြီးများ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (myancophram)ကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့သည်။ ဇီးကုန်းမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူ ၅၇၇၅ ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


တင့်ဆွေ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)