MNP ၊ ဒီဇင်ဘာ ၇
ရေးမြို့နယ်အတွင်း အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိပြီး အပြစ်မဲ့ ပြည်သူများအား ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုများ ကြူးလွန်လျက်ရှိသည့် ရေးဘီးလူး အဖွဲ့ခေါင်းဆောင်မှာ NLD ပါတီမှ ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်း ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ် ရေးမြိုနယ် မြောက်ပိုင်း ကရင်ကလိတ် တုတ်ကျေးရွာတွင် ၅-၁-၂၀၂၃ ရက်နေ့က ရေးဘီလူးအဖွဲ့၊ KNU တပ်မဟာ ၆ ဒူးပလာခရိုင် မှ စောအယ်သာ ဦးစီး KNU ရင်း ၁၆ မှ အဖွဲ့များ၊ မွန်အကြမ်းဖက်အဖွဲမှ နိုင်ထူး ဦးစီးအဖွဲများ အကြမ်းဖက်လုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူဆုံးဖြတ်ခဲ့သည့် အစည်းအဝေးတွင် ရေးဘီးလူးအဖွဲ့ခေါင်းဆောင်မှာ NLD ပါတီမှ ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်း ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲတွင် အကြမ်းဖက်အဖွဲ့များအနေဖြင့် မဟာမိတ်ဖွဲ့ခဲ့ကြပြီး KNU မှ လက်နက်ခဲယမ်းရောင်းချပေးရေး၊ ဖောက်ခွဲရေးသင်တန်းများကူညီပေးရေး၊ သတင်းထူးဖလှယ်ပေးရေး၊ မလွှတောင်-ရေး-သံဖြူဇရပ်ကားလမ်းထိန်းချုပ်တိုက်ခိုက်ရေး၊ အစိုးရရုံးများဖောက်ခွဲဖျက်ဆီးမီးရှိရေး၊ ရွေးကောက်ပွဲ မကျင်းပနိုင်အောင် အလုံးစုံဖျက်ဆီးနှောက်ယှက်ပေးရေး၊ လူသစ်ထပ်မံစုပြီး PDF တပ်ရင်းများတိုးချဲ့ဖွဲစည်းရေး၊ ဆက်ကြေးကောက်ခံရရှိရေး၊ လခရ တပ်ဖွဲများ ယဉ်တန်းများအား တိုက်ခိုက်ရေး၊ ဒလန်ရှင်းလင်းရေး စသဖြင့် ဆွေးနွေးခဲ့ကြသည့် အစည်းအဝေးတွင် NLD ပါတီမှ ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment