ရက်စက်ပါပေ့ NLD ရယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရက်စက်ပါပေ့ NLD ရယ်

 


၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့ တပ်မတော်က နိုင်ငံတော်အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူဆောင်ရွက်ရတဲ့အချိန်မှာ NLD က နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေက လှုံ့ဆော်တာက စစ်တပ်က ပြည်သူ့အစိုးရထံမှ အာဏာလုယူပါတယ် တဲ့။ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရထံမှ အာဏာလုယူပါတယ်ဆိုတဲ့ စကားကို တွင်တွင်သုံးပြီး အာသီးယောင်ကြတာ။ ပွက်ပွက်ဆူအောင် ယောင်လာတော့ နီပိန်းယောင်ဝါးတွေက အဟုတ်ထင်လာတယ်။ နိုင်ငံရေးလုပ်စားသူတွေရဲ့ လှုံ့ဆော်မှုနောက်ကို လိုက်ပါပြီး ဆန္ဒပြဆို ပြပေးတယ်။ CDM လှုံ့ဆော်ဆိုရင် CDM လှုံ့ဆော်ပေးတယ်။ 


နိုင်ငံရေးလုပ်စားသူတွေရဲ့ ဖြန့်ဝေမှုတွေကို ပြည်သူတွေကြားမှာ ထင်ရှားတဲ့ အနုပညာရှင်များက ထပ်ဆင့်လှုံ့ဆော်ပေးတယ်။ နီပိန်းစိတ်ဓာတ်ရှိတဲ့ ဝန်ထမ်းတွေ CDM လုပ်ကြတယ်။ CDM မလုပ်ဘဲ ကိုယ့်တာဝန်ကိုယ် ဆက်လက်ထမ်းဆောင်နေကြသူတွေကို ရန်ရှာတယ်။ ပုဂ္ဂိုလ်ရေးစော်ကားတယ်။ ဒီလိုနဲ့ အရှိန်ကောင်းလာတော့ လူငယ်တွေကို KNU, KIA တပ်ဖွဲ့တွေထံ စေလွှတ်ပြီး အကြမ်းဖက်သမားများအဖြစ် အသုံးချလာတယ်။ ကိုယ့်မြို့ကိုယ့်ရွာမှာ ပြန်ပြီး အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ခိုင်းစေတယ်။ NLD ပါတီဝင် မဟုတ်တဲ့သူတွေကို စာရင်းထုတ်ပေးပြီး လုပ်ကြံသတ်ဖြတ်ခိုင်းတယ်။ NLD တွေရဲ့ မူလပစ်မှတ်ကတော့ USDP ပါတီဝင်တွေနဲ့ အမျိုးသားရေးလှုပ်ရှားသူတွေပဲ ဖြစ်ပါတယ်။ CDM လှုံ့ဆော်မှုဖြစ်ပေါ်လာပြီး နောက်ပိုင်းမှာတော့ USDP ပါတီဝင်တွေနဲ့ အမျိုးသားရေးလှုပ်ရှားသူတွေသာ မဟုတ်တော့ဘဲ ဆရာ/ဆရာမတွေ၊ မိမိတာဝန်ကို ဆက်လက်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကိုပါ ပစ်မှတ်ထားလာတယ်။ 


NLD , ၈၈ က နိုင်ငံရေးလုပ်စားသူတွေ ရက်စက်လိုက်ပုံများ မျိုးဆက်သစ်ကလေးငယ်တွေရဲ့ ပညာရေးအတွက် စာပေသင်ကြားပေးနေတဲ့ ဆရာ/ ဆရာမတွေကို အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်တယ်။ တပည့်က ကိုယ့်ဆရာမကို ပြန်ပြီး လုပ်ကြံသတ်ဖြတ်သည်အထိ လူငယ်တွေကို အမိုက်ဇာတ်သွင်းခဲ့ကြတယ်။ ဒီထက် ယုတ်မာရိုင်းစိုင်းတာ ဘာရှိအုံးမလဲ။ ကမ်းကုန်နေပြီမှတ်တာ။


ဘယ်ဟုတ်လိမ့်မလဲ။ မောင်မင်းကြီးသားများက ဒီထက်ပိုပြီး ရက်စက်ယုတ်မာရိုင်းစိုင်းပြလာတယ်။ ဆရာ/ ဆရာမတွေကို သတ်ဖြတ်ရုံနဲ့ အားမရလို့ သံဃာတော်တွေကိုပါ ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်လာကြတယ်။ ကျွန်တော် အမှတ်ရမိတယ်။ ၂၀၀၇ ရွှေဝါရောင်မှာ တပ်မတော်က ဆန္ဒပြသံဃာတော်တွေကို ပစ်ခတ်ဖြိုခွင်းမှုတွေ လုပ်ခဲ့စဉ်အခါက NLD နဲ့ ၈၈ က နိုင်ငံရေးသမားတွေပဲ ဇာတ်နာအောင် လုပ်ခဲ့ကြတာ။ ဒေါ်မာမာအေး ဆိုရင် "သံဃာတော်တွေ သွေးမြေကျခဲ့ရပြီကွဲ့" ဆိုတဲ့ သီချင်းနဲ့ ငိုချင်းချတယ်။ ဒေါ်မာမာအေး ရယ် အခု ခင်ဗျားတို့ ဝန်းရံထောက်ခံတဲ့ NLD ပါတီဟာ အာဏာလက်မဲ့ ဖြစ်ရချိန်မှာ မိမိတို့ ကျူးလွန်ခဲ့တဲ့ မဲလိမ်မဲခိုးမှုတွေကို ရေငုံနှုတ်ပိတ်နေပြီး အလုံးစုံပျက်သုဉ်းရေး အဖျက်အမှောင့် ကြမ်းဖက်လုပ်ရပ်မျိုးစုံ ကျူးလွန်လာခဲ့တာ သံဃာတော် အပါး(၇၀) ကျော်အထိ ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ပြီးပါပကော။ ဒေါ်မာမာအေး အနေနဲ့ ဘာသာ သာသနာအပေါ်မှာ တကယ်ပဲ အလေးထားရိုးမှန်ရင် သံဃာတော်တွေအပေါ် လူမဆန်စွာ ရက်စက်ယုတ်မာရိုင်းစိုင်းနေတဲ့ NLD အစွန်းရောက်  အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ငိုချင်းလေးတစ်ပုဒ်လောက် ဆိုပေးပါအုံးလို့တောင် မေတ္တာရပ်ခံချင်ပါရဲ့။


NLD နဲ့ ၈၈ က ဦးဆောင်သူတွေ ဆူပူအကြမ်းဖက်မှုတွေကို လူမှုကွန်ယက်စာမျက်နှာတွေကနေ ပလူပျံအောင် လှုံ့ဆော်ခဲ့ကြတယ်။ သူတို့ရဲ့ လှုံ့ဆော်မှုက သွေးကြွစေတဲ့အတွက် လူငယ်တွေ သွေးကြွပြီး လမ်းပေါ်ထွက်လာတယ်။ လူငယ်တွေ လမ်းပေါ်ရောက်လာပြီလည်း ဆိုရော မောင်မင်းကြီးသား လှုံ့ဆော်သူများက အလျှိုလျှို ပြည်ပ ထွက်ပြေးသွားကြတယ်။ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ရာမှာ သူမတူအောင် စွမ်းနိုင်တဲ့ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ အပျံမ တို့ ရှေ့ဆုံးက ပြေးတာပဲ။ သူတို့ရဲ့ လှုံ့ဆော်မှု မှိုင်းမိခဲ့တဲ့ နွားလေးတွေကတော့ PDF အကြမ်းဖက်သမားများအဖြစ်နဲ့ ယခုထိတိုင်အောင် အဖျက်အမှောင့်လုပ်ငန်းမျိုးစုံကို ဆင်ကန်းတောတိုး လုပ်နေကြတုန်းပဲ။


မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း တို့ တော်လွန်းပါတယ်လို့ ချီးကျူးရလိမ့်မယ်။ သူတို့ရဲ့ လှုံ့ဆော်မှုတွေကြောင့် အကြမ်းဖက်သမားဖြစ်သွားကြတဲ့ နီပိန်းတွေမှာ ကိုယ့်ဆရာသမားကို လုပ်ကြံသတ်ဖြတ်ဖို့လည်း ဝန်မလေးဘူး။ မိမိတို့ရဲ့ ကိုးကွယ်ရာ သံဃာတော်တွေကို သတ်ဖြတ်ဖို့လည်း ဝန်မလေးတဲ့အထိအောင် အစွန်းရောက် အကြမ်းဖက်သမားစိတ်ဓာတ်တွေ ကိန်းအောင်းသွားအောင် လှုံ့ဆော်နိုင်ခဲ့ကြတယ်။ PDF တွေ အကြမ်းဖက်သင်တန်းသွားတက်ရတဲ့ KNU, KIA ဆိုတဲ့ အဖွဲ့တွေဟာလည်း ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းအပေါ် မလိုမုန်းထားစိတ် ရှိနေသူတွေဖြစ်လေတော့ KNU, KIA က ညွှန်ကြားတိုင်း ဆရာ/ဆရာမ၊ သံဃာတော်မချန် သတ်နေရကြတားလားလို့ တွေးမိပါတယ်။ 


စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ သံဃာတော်များ သတ်ဖြတ်ခံရတဲ့ အမှုတွေမှာ KIA ကိုယ်တိုင်ပါဝင်ပြီး PDF တွေကို အကြမ်းဖက်သင်တန်းပေးသလို လက်နက်ပေးပြီး သံဃာတော်တွေကို သတ်ဖြတ်ခိုင်းနေတာ ထင်ရှားတဲ့ လုပ်ရပ်တွေ ဖြစ်လာပါတယ်။


ပြည်ပြေးဝရမ်းပြေး မင်းကိုနိုင် က ပြောသေးတယ်။ ဘာတဲ့ "တော်လှန်ရေးကြာတာလည်း မပြောနဲ့ ပြည်သူ သန်း ၅၀ ကျော် ရှိတဲ့အထဲမှာ ၁သိန်းကျော်ပဲ တော်လှန်ရေးမှာပါတယ်" ဆိုပဲ။ ခင်ဗျားတို့ရဲ့ လှုံ့ဆော်မှုတွေက ပြည်သူများအတွက် အကျိုးရှိတဲ့ အလုပ်၊ ပြည်သူအများအတွက် ကောင်းကျိုးဖြစ်မယ့် အလုပ်ဆိုရင်တော့ ခင်ဗျားတို့ လှုံ့ဆော်တဲ့နောက်ကို ပြည်သူတိုင်းက ပါဝင်ပေးမှာပေါ့။ ခင်ဗျားတို့ အာဏာရဖို့အတွက် ပြည်သူအားလုံးက သေပွဲဝင်ပေးရမယ်ဆိုတဲ့ လှုံ့ဆော်မှုက ယုတ္တိရှိရဲ့လားဗျာ။ ခင်ဗျားတို့ ကိုယ်တိုင်တောင် တော်လှန်ရေးမှာ မပါဝင်ဘဲ ပြည်ပကို ထွက်ပြေးတယ်။ ခင်ဗျားတို့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာကို စံထားအတုယူပြီး ပြောဆိုခဲ့ကြတယ် မဟုတ်လား။ ဗိုလ်ချုပ်အောင်ဆန်း က အင်္ဂလိပ်၊ ဂျပန်ကို တော်လှန်တာ ပြည်သူတွေ ထွက်တိုက် ကျုပ်တို့ ကြည့်နေမယ် ဆိုပြီး လှုံ့ဆော်ခဲ့တာလား။ သူကိုယ်တိုင် ဦးဆောင်ပြီး တိုက်ပွဲဝင်ခဲ့တာလား။ ခင်ဗျားတို့ က ဗိုလ်ချုပ် နဲ့ ဗိုလ်ချုပ်သမီးကို လိုသလို အသုံးချပြီး ဗိုလ်ချုပ်လို စံပြဖြစ်အောင်မှ မလုပ်ကြဘဲ။ ခင်ဗျားတို့က ကိုယ်တိုင် သတ္တိမရှိဘဲ ပြည်သူတွေကိုပဲ စိတ်ကြွရူးသွပ်ဆေးတိုက်ပြီး သေပွဲဝင်ခိုင်းချင်တဲ့ သဘောဖြစ်နေတယ်။ အဲဒါကြောင့်လည်း ခင်ဗျားတို့ ဆင်နွှဲခဲ့တဲ့ တော်လှန်ရေးတိုင်းက မအောင်မြင်ခဲ့ပါဘူး။

၈၈ မှာလည်း ခင်ဗျားတို့ လှုံ့ဆော်သူသက်သက်ပါပဲ။ ခင်ဗျားတို့ရဲ့ လှုံ့ဆော်မှုကြောင့် မိုက်လုံးကြွပြီး သေပွဲဝင်ခဲ့ရတဲ့ မျိုးဆက်သစ် လူငယ်တွေ နှမျောဖို့ ကောင်းပါတယ်။ အခုလည်း ခင်ဗျားတို့ ဒီနည်းလမ်းအတိုင်းပဲ ပြည်သူအများကို လမ်းပေါ်ထွက် သေပွဲဝင်ခိုင်းပြီး ခင်ဗျားတို့က နိုင်ငံရေးအမြတ်ထုတ်မယ်ပေါ့။


အခု ပြည်ပြေး ဝရမ်းပြေးတွေရဲ့ တော်လှန်ရေးခေါင်းစဉ်က ပြောင်းသွားပြန်ပြီ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တာဝန်ယူရတဲ့ကာလ ကုန်ဆုံးတော့မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ကာ/လုံ ကို အာဏာပြန်လည်လွှဲအပ်ပြီး ရွေးကောက်ပွဲ ကျင်းပပေးဖို့ စီစဉ်ရမယ်။ 


ဒီနေရာမှာ နီပိန်းတွေကို သတိပြုမိစေချင်တာပေါ့လေ။ အစောကြီးကတည်းကလည်း ပြောခဲ့ပါတယ်။ နီပိန်းတွေသာ ဆူပူအကြမ်းဖက်လုပ်ရပ်တွေ လုပ်မနေဘူးဆိုရင် နစက လည်း ၂နှစ်အထိ သက်တမ်းရှည်ဖို့ မလိုဘူး။ တစ်နှစ်လောက်နဲ့ တည်ငြိမ်အေးချမ်းမယ်။ နောက် ၆လမှာ ရွေးကောက်ပွဲလုပ်ပေးနိုင်မယ်။ ပြည်သူရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာမယ်။ နီပိန်းတွေမှာ ဆင်ခြင်တုံတရားမရှိဘူး။ နီပိန်းတွေက တပ်မတော်ကို အာဏာသက်ဆိုးရှည်စေချင်တယ်။ ရှည်အောင် လုပ်ပေးတယ်။ 


နိုင်ငံရေးလုပ်စားသူတွေ နဲ့ ပြည်ဖျက်မီဒီယာတွေ က တပ်မတော်အာဏာသက်ဆိုးရှည်မှ မဟုတ်မမှန် လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေလုပ်ပြီး နိုင်ငံတကာက အထောက်အပံ့တွေကို ရှာလို့ရမယ်။ ၂၀၁၀ မှာ ဦးသိန်းစိန်အစိုးရတက်လာတော့ နိုင်ငံရေးလုပ်စားသူတွေ နဲ့ ပြည်ဖျက်မီဒီယာတွေမှာ ဝင်ငွေ ကြပ်တည်းသွားတယ်။ ဆူပူအကြမ်းဖက် လှုံ့ဆော်မှုတွေလည်း လုပ်မရ။ လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေမှုတွေ လုပ်ဖို့လည်း မလွယ်။ 


မြန်မာပြည်ကြီး တည်ရှိနေသ၍ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေအတွက် ခေါင်းစဉ်မရှားပါဘူးလေ။ မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ နိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး ရတဲ့အပေါက်က လုပ်စားမှာပါပဲ။ ဦးသိန်းစိန် အစိုးရလက်ထက်မှာပဲ ခိုးဝင်ဘင်္ဂလီတွေက ပဋိပက္ခဖန်တီးလာတော့ တခါတည်း လူ့အခွင့်အရေးနဲ့ လုပ်စားသူတွေ၊ နိုင်ငံရေးလုပ်စားသူတွေ၊ ပြည်ဖျက်မီဒီယာတွေ တခါတည်း လူမျိုးလိမ်ခေါင်းစဉ်နဲ့ လုပ်ကွက်ရပြီး ဂွင်တည့်သွားပါလေရော။ အခုထိ လူမျိုးလိမ်ခေါင်းစဉ်က ပိုက်ဆံရနေတုန်း။


အခု နစက ကို တော်လှန်နေတဲ့ NUG, CRPH တို့ရဲ့ ခေါင်းစဉ်က ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ဖြစ်သွားပြန်ပြီတဲ့ဗျာ။ ၂၀၁၀ တုန်းကလည်း ဒီလိုပါပဲဗျ။ ရွေးကောက်ပွဲကို သပိတ်မှောက်ကြ၊ ဖွဲ့စည်းပုံကို ဆန့်ကျင်ကြ၊ ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေးပါတီတွေကို နိုင်ငံရေးခွေးတိုးပေါက်က ဝင်သူတွေဆိုပဲ။ သူတို့တတွေဟာ ကိုယ့်စကားကိုယ် အလေးမထားတဲ့သူတွေဆိုတော့ ကိုယ်ပြောထားတဲ့စကား ၂နှစ်ပြည့်အောင်တောင် မစောင့်နိုင်ပါဘူး။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ထဲ အတင်းတိုးဝင်လာကြတာပဲ မဟုတ်လား။ NLD ရဲ့ flow တွေက ရိုးနေပါပြီလို့တောင် ပြောရမလိုပါပဲဗျာ။


NLD ပါတီ က နိုင်ငံရေးသင်ခန်းစာတွေတော့ တော်တော်များများပေးခဲ့ပြီးပါပြီ။ သူတို့လို တိုင်းတပါးသြဇာခံ နိုင်ငံရေးသမားတွေကို နိုင်ငံရေးမှာ နေရာပေးရင် နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားမယ်၊ အဖျက်အမှောင့်တွေ များမယ်။ NLD ပါတီကို ဦးဆောင်တဲ့သူတွေကလည်း တပ်မတော်က အရာရှိကြီးတွေပါပဲ။ သူတို့ကိုယ်တိုင် တပ်မတော်သားတွေ ဖြစ်ပါလျှက်နဲ့ တပ်မတော်ကို အမုန်းပွားအောင် လှုံ့ဆော်တာလည်း သူတို့အပြင်မရှိဘူး။ တပ်မတော်အရာရှိကြီးတွေ ဆိုပေမယ့် စည်းကမ်းလိုက်နာတဲ့ တပ်မတော်အရာရှိကြီးတွေတော့ မဟုတ်ဘူး။ နေရာမရလို့၊ အခွင့်အရေးမရလို့ ပြဿနာရှာ ဖောင်းထုပြီး တပ်မတော်ထဲက ထုတ်ပယ်ခံရတဲ့ အရာရှိကြီးတွေ NLD မှာ နေရပြီး တပ်မတော်ကို ဖောင်းထုတဲ့ အလုပ် စီးပွားရှာပြီး ပြည်သူတွေကို မှိုင်းတိုက်တာပေါ့ဗျာ။ သူတို့ကတော့ တိုင်းဖျက် ပြည်ဖျက် လုပ်ပြီး စီးပွားရှာမယ့်သူတွေ ဖြစ်လို့ သူတို့လုပ်ရပ်ကို အပြစ်ပြောနေလို့လည်း မထူးပါဘူး။ အဲဒီလို ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေကို နိုင်ငံရေးမှာ နေရာပေးမိတာ ပေးသူတွေရဲ့ အမှားလို့ပဲ ဆိုရမှာဖြစ်ပါတယ်။


နိုင်ငံရေးဆိုတာလေ ဘယ်သူလုပ်လုပ် နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် ကောင်းမွန်မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်အောင် လုပ်ဆောင်နေကြတယ်ဆိုရင် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အခုတော့ NLD, ၈၈ က နိုင်ငံရေးလုပ်စားသူများဟာ သူတို့မလိုလားတဲ့ အဖွဲ့အစည်းက လုပ်တဲ့အလုပ်ဆိုရင် နိုင်ငံတော်နဲ့ ပြည်သူအတွက် ဘယ်လိုပင် ကောင်းကျိုးဖြစ်နိုင်စေကာမူ အဖျက်အမှောင့်ပဲ လုပ်တယ်။ အဲဒါ နိုင်ငံရေးလားဗျာ။ ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း ဒီသောက်ချိုးတွေပါပဲ။ သူတို့ကိုယ်တိုင် အာဏာရတော့လည်း တိုင်းတပါးအလိုကျ လုပ်ဆောင်တယ်။ 


တိုင်းရင်းသား ပြည်သူအကျိုးထက် ခိုးဝင်ဘင်္ဂလီအခွင့်အရေးကို အလေးထားတယ်။ ဝေဖန်ထောက်ပြသူကို ထောင်ထဲထည့်တယ်။ အာဏာလက်မဲ့ဖြစ်တော့ ဆူပူအကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်တယ်။ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေလို့လည်း အော်သေးတယ်။ သူတို့ရဲ့ ခေါင်းဆောင်ကြီးဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒီမိုကရေစီအိုင်ကွန်လို့လည်း ပြောတယ်။ အော် - ဒီမိုကရေစီအရည်ခြုံပြီး လုပ်စားသူတွေရဲ့ flow တွေက ဒါမျိုးတွေချည်းလားဗျာ။ ရက်စက်ပါပေ့ NLD ရယ်ဆိုတာ က လွဲပြီး ဘာများ ပြောစရာ ရှိအုံးမှာလဲဗျာ။  ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)