သုံးခွမြို့နယ်၊ ကတုံးပေါ်နယ်မြေရဲစခန်း ကို NLD အစွန်းရောက် အကြမ်းဖက်သမားများက လာရောက်ပစ်ခတ်တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ်၊ ကတုံးပေါ်နယ်မြေရဲစခန်း ကို NLD အစွန်းရောက် အကြမ်းဖက်သမားများက လာရောက်ပစ်ခတ်တိုက်ခိုက်



MNP ၊ ဒီဇင်ဘာ ၈

သုံးခွမြို့နယ်၊ ကတုံးပေါ်နယ်မြေရဲစခန်းကို ယနေ့ နံနက်ပိုင်း ၄ ၃၀ ဝန်းကျင်ခန့်က NLD အစွန်းရောက် အကြမ်းဖက်သမားများက 40 MM ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

NLD အစွန်းရောက် အကြမ်းဖက်သမားများက စခန်းခြံစည်းရိုးအနီး ရောက်ရှိပစ်ခတ်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ရကြောင်း၊ တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ရဲတပ်သား မင်းကျော်စိုး ကျဆုံး၊ ရဲတပ်သား သက်မင်းထွဠ် ၌ ဒဏ်ရာ(စိုးရိမ်ရ)နှင့် ရဲတပ်သား သက်မင်းထွဋ် နှင့် ဇနီး မသဇင်နွယ်(ကတုံးပေါ်ကျေးရွာသူ)၌ ဒဏ်ရာ(မစိုးရိမ်ရ)တို့ ထိမှန်ခဲ့ကြောင်း သိရသည်။

NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခြံစည်းရိုးနှင့်ကပ်လျက်ရှိ သွပ်မိုး/ပျဉ်ကာ ကိုယ်ထူကိုယ်ထ နေအိမ်လိုင်းခန်း (၁)ခု မီးရှို့ခံရပြီး ပျက်စီးခဲ့ကြောင်း၊ လာရောက်တိုက်ခိုက်သူ အကြမ်းဖက်သမားများမှာ ၀၅ ၃၀ အချိန်ခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား သုံးခွပြည်သူ့ဆေးရုံသို့ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)