NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြိမ်ပေါင်း (၂၁၈) ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြိမ်ပေါင်း (၂၁၈) ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ထုတ်ပြန်




၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ  ၂၂  ရက်

NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း တာဝါတိုင် (၁) တိုင် အား ဖောက်ခွဲဖျက်ဆီးသွားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ကို နည်းမျိုးစုံဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ စီမံဆောင်ရွက်နေ သော်လည်း ယခုကာလများတွင် ပြည်သူလူထု၏လိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းပေး နိုင်မှုမရှိသဖြင့် ထုတ်လုပ်ပေးနိုင်မှုကိုအခြေခံ၍ မျှတစွာခွဲဝေခံစားရရှိနိုင်ရန် စီမံဆောင်ရွက်ဖြန့်ဖြူး လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေသည့်ကာလတွင် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား များမှ ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူး ပေးလျက်ရှိသော လျှပ်စစ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများအား ဖောက်ခွဲဖျက်ဆီးမှုများ ရည်ရွယ်ချက် ရှိရှိဖြင့် ပြုလုပ်လျက်ရှိရာ ၂၂-၁-၂၀၂၃ ရက်နေ့တွင် ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)- တီကျစ်  နှစ်ထပ်ဓာတ်အားလိုင်း၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ တာဝါ တိုင်(၁)တိုင်ကို  ထပ်မံဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင် (၁) တိုင်ပြိုလဲ ပျက်စီးခဲ့ကြောင်း၊ အဆိုပါ ဓာတ်အားလိုင်းမှာ ယခုအကြိမ်အပါအဝင် စုစုပေါင်း (၈) ကြိမ်နှင့် တာဝါတိုင်ပေါင်း (၂၃) တိုင် ဖျက်ဆီးခံခဲ့ရသော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးပြင်ဆင်နိုင်ရေးကို စီမံ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။


NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများမှ ရည်ရွယ်ချက်ရှိရှိဖြင့် အများပြည်သူသို့ လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြိမ်ပေါင်း (၂၁၈) ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်လည်း လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းကာ ပြင်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)