NUG ခိုးသားငါးရာအဖွဲ့ ဦးဆောင်သူများသို့ မေတ္တာစာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG ခိုးသားငါးရာအဖွဲ့ ဦးဆောင်သူများသို့ မေတ္တာစာ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင် လုပ်ဆောင်နေတဲ့ အဓိက တရားခံများကတော့ NUG ခိုးသားငါးရာအဖွဲ့က ဦးဆောင်သူများပဲ ဖြစ်ကြပါတယ်။ ခိုးသားငါးရာအဖွဲ့ဝင်တွေ ဘယ်ရောက်နေလဲဆိုတာတော့ တိတိကျကျ သိဖို့ မလွယ်ကူပါဘူး။ မြန်မာပြည်ထဲမှာ မရှိဘဲ လွတ်မြောက်နယ်မြေကို ရောက်ကုန်ကြပြီလို့ ခိုးသားငါရာအတွက် ရန်ပုံငွေရှာပေးနေတဲ့ ဝရမ်းပြေး အပျံမရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။ ဝရမ်းပြေး အပျံမ ကတော့ အမေရိကန်မှာ ရောက်ရှိနေပြီး NUG ခိုးသားငါးရာအဖွဲ့အတွက် ဒေါ်လာ မီလီယံနဲ့ ချီပြီး အလှူငွေတွေကို ရှာဖွေပေးနိုင်သလို NUG ခိုးသားငါးရာရဲ့ သြဇာခံ PDF သူခိုးဓားပြ အကြမ်းဖက်သမားများကိုလည်း ဆဲလိုက်ဆိုလိုက်နဲ့ လူသတ်အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်ဖို့ ခိုင်းစေနေလေရဲ့။


စာရေးသူအနေနဲ့တော့ NUG ခိုးသားငါးရာအဖွဲ့ ဦးဆောင်သူများကို ပြည်သူတစ်ဦးအနေနဲ့ တင်ပြချင်တာလေး ရှိလို့ပါ။ NUG ခိုးသားငါးရာအဖွဲ့က ကိုယ့်ကိုယ်ကို အစိုးရလို့ သတ်မှတ်တယ်ဆိုရင် ဘာကြောင့်များ ပြည်သူတွေကို သေကြောင်းကြံစည်နေရတာလဲဗျာ။ အစိုးရတစ်ရပ်ဟာ ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမှာ မဟုတ်ဘူးလား။ နိုင်ငံတကာက ရသမျှ အထောက်အပံ့တွေကို ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝအတွက်၊ အနာဂတ်မျိုးဆက်သစ် ရင်သွေးငယ်တွေရဲ့ ပညာရေးအတွက် အကျိုးရှိရှိ အသုံးပြုလို့ မရဘူးလား။ နိုင်ငံတကာက ရနေတဲ့ အထောက်အပံ့တွေက ပြည်သူတွေကောင်းကျိုးအတွက် ဆောင်ရွက်ဖို့ ပေးနေတာ မဟုတ်ဘဲ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ ပေးနေတာလား။


NUG အဖွဲ့အနေနဲ့က ကိုယ့်ကိုယ်ကို အစိုးရလို့လည်း ပြောရဲ့။ NUG ခိုးသားငါးရာကို ထောက်ခံအားပေးတဲ့ နီပိန်းလေးတွေကို အကြမ်းဖက်သမားအဖြစ် အသုံးချပြီး မထောက်ခံတဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို နိုင်ငံတကာက ရရှိတဲ့ အထောက်အပံ့များနဲ့ လိုက်သတ်ခိုင်းနေတယ်ဆိုတော့ နိုင်ငံတကာက ပေးကမ်း ထောက်ပံ့နေတာတွေဟာ တိုင်းပြုပြည်ပြု လုပ်ဖို့ မဟုတ်ဘဲ တိုင်းဖျက် ပြည်ဖျက် လုပ်ဖို့ ဖြစ်နေတယ်ဆိုရင် ရယူဖို့ သင့်တော်ပါ့မလားဗျာ။


NUG ခိုးသားငါးရာအဖွဲ့ကို ပေးကမ်းထောက်ပံ့ပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေတာကြီးကို NUG ခိုးသားငါးရာ ဦးဆောင်သူများအနေနဲ့က ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို စတေးပြီး ပေးကမ်းထောက်ပံ့သမျှ မြိုကြ စို့ကြတာ အပင်းဖြစ်မနေဘူးလားဗျာ။ အစိုးရတစ်ရပ်အဖြစ် ကိုယ့်ကိုယ်ကို ခံယူထားတယ်ဆိုရင် ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝ၊ မျိုးဆက်သစ် ရင်သွေးငယ်တွေရဲ့ ပညာရေးအတွက် NUG အနေနဲ့ ဘယ်လောက်အထိ ဆောင်ရွက်ပေးပြီးပြီလဲဗျာ။ အစိုးရဆိုလို့ ဒီလိုအပြုသဘောဆောင်တဲ့ မေးခွန်းတွေ မေးတာပါ။


NUG ခိုးသားငါးရာအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကတော့ဖြင့် အစိုးရတစ်ရပ် ဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အပြစ်မဲ့ ရဟန်းရှင်လူတွေကို လုပ်ကြံသတ်ဖြတ်၊ လမ်းတံတားတွေကို ဖောက်ခွဲဖျက်ဆီး၊ မျိုးဆက်သစ် ရင်သွေးငယ်တွေကို ပညာသင်ကြားပေးနေတဲ့ ဆရာ/ ဆရာမတွေကို သတ်ဖြတ် အစရှိတဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာဆိုတော့ ကျွန်တော်တို့က NUG ခိုးသားငါးရာအဖွဲ့ကို အစိုးရလို့ ဘယ်လိုယုံကြည်ရမလဲဗျာ။


NUG ခိုးသားငါးရာအဖွဲ့ကို ဦးဆောင်သူများအား အလေးအနက် စဉ်းစားဆင်ခြင်စေလိုတဲ့ ကိစ္စတစ်ရပ်ကို တင်ပြပါရစေဗျာ။ NUG ခိုးသားငါးရာအဖွဲ့က သမ္မတနေရာမှာ မနေရလို့ ဝန်ကြီးဌာနရုံးတွေမှာ ရုံးထိုင်ခွင့်မရလို့ NUG ကို မထောက်ခံတဲ့ ရဟန်းရှင်လူပြည်သူတွေအပေါ် ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေတာကို ရပ်ပါတော့လို့ မတောင်းဆိုချင်ပါဘူး။ သို့ပေသော် NUG ခိုးသားငါရာရဲ့ သြဇာခံ အမည်မျိုးစုံစွာနဲ့ ဖွဲ့စည်းထားတဲ့ PDF လူဆိုး သူခိုးလေးတွေမှာ NUG ခိုးသားငါရာ ဦးဆောင်သူများရဲ့ ခိုင်းစေချက်ကို လိုက်ပါဖော်ဆောင်ရင်း မရှုမလှ အသက်ဆုံးရှုံးသွားရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ များစွာ ရှိခဲ့ပါတယ်။


တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေဖို့ ဖောက်ခွဲဖျက်ဆီးရေးလုပ်ဖို့ ကြိုးစားရင်း လက်ထဲမှာတင် မိုင်းကွဲ၊ ဗုံးကွဲပြီး သေတဲ့သူ (၃၀) ထက်မနည်းတော့ဘူး။ ရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ဖို့ ကြိုးစားရင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးသွားရတဲ့သူတွေလည်း မနည်းလှတော့ဘူး။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားရင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ထိန်းသိမ်းခြင်းခံလိုက်ရတာလည်း များလှပါပြီ။ NUG ခိုးသားငါးရာရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေကို လူမှုကွန်ယက်စာမျက်နှာများမှာ ထပ်ဆင့်လှုံ့ဆော်ရင်း နေ့စဉ်ဖမ်းဆီးခံနေရတာကိုလည်း ခင်ဗျားတို့ ထည့်မတွက်ဘူး။


အကောင်းဆုံး အကြံပြုချင်တာကဗျာ ခင်ဗျားတို့ကို မထောက်ခံတဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လုပ်ကြံသတ်ဖြတ်လိုတာကို ထည့်မပြောလိုပါဘူး။ ခင်ဗျာတို့ရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေနောက်မှာ လိုက်ပါပြီး ဆင်ကန်းတောတိုး မိုက်မဲနေကြတဲ့ အမည်မျိုးစုံစွာနဲ့ ဖွဲ့စည်းထားတဲ့ PDF အကြမ်းဖက်သမားလေးတွေ နေ့စဉ်နဲ့အမျှ အတိဒုက္ခရောက်နေကြတာတွေကို ခင်ဗျားတို့ ထည့်သွင်းမစဉ်းစားတာတော့ NUG ခိုးသားငါးရာကို ဦးဆောင်သူများအနေနဲ့ မိုက်မဲလွန်းရာ ကျတာပေါ့။ အဲဒီလူတွေက ခင်ဗျားတို့ကို ထောက်ခံသူတွေလေ။ မိမိတို့ကို ထောက်ခံတဲ့ ပြည်သူတွေကို ဘာကြောင့် အတိဒုက္ခရောက်အောင် ဖန်တီးလှုံ့ဆော်နေကြတာလဲ။ ခင်ဗျားတို့ရဲ့ လုပ်ရပ်က မထောက်ခံတဲ့သူကို လုပ်ကြံသတ်ဖြတ်၊ ထောက်ခံတဲ့သူတွေကို အကြမ်းဖက်သမားအဖြစ် အသုံးချပြီး သေလမ်းကိုတွန်းပို့။ 


NUG ခိုးသားငါးရာအဖွဲ့ကို ဦးဆောင်သူများအနေနဲ့ ရက်စက်လွန်းရာမရောက်ဘူးလား။ မြန်မာနိုင်ငံသား ပြည်သူတွေ မထောက်ခံတဲ့သူလည်းသေ၊ ထောက်ခံတဲ့သူလည်း အရှင်မထား ခင်ဗျားတို့ရဲ့ နိုင်ငံရေးနည်းလမ်းက ဘယ်သူသေသေ ငတေမာရင်းပြီးရော ဆိုတာမျိုးလား။

NUG ခိုးသားငါးရာအဖွဲ့ ဦးဆောင်သူများကို အနူးအညွတ် မေတ္တာရပ်ခံလိုပါတယ်ဗျာ။ ခင်ဗျားတို့တွေအနေနဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို ဘယ်လို လိမ်ညာ ဝါးမြိုရမယ်ဆိုတာ ကောင်းကောင်း နောကျေပြီးသားပါ။ NUG ခိုးသားငါးရာအဖွဲ့ ဦးဆောင်သူများအနေနဲ့ မိမိတို့ရဲ့ မိသားစုဝင်များပါမကျန် ခေါ်ဆောင်ပြီး တတိယနိုင်ငံများမှာ ခိုလှုံခွင့်ရနေပြီပဲ။ လွတ်မြောက်နယ်မြေကို ရောက်ရှိနေကြပြီပဲ။ မိမိတို့ကို ယုံကြည်ထောက်ခံတဲ့ နီပိန်းလေးတွေကို အကြမ်းဖက်သမားများ အဖြစ်နဲ့ သေလမ်းကို တွန်းမပို့ကြဘဲ နည်းလမ်းပြောင်းကြဖို့ အကြံပြုလိုပါတယ်။ မိမိတို့ကိုယ်တိုင်ကတော့ မိသားစုနဲ့အတူ လွတ်မြောက်နယ်မြေမှာ အေးချမ်းသာယာနေပြီး မိမိတို့ကို ထောက်ခံအားပေးတဲ့ နီပိန်းလေးတွေကိုတော့ အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး နိုင်ငံတကာက အထောက်အပံ့တွေကို အလွဲသုံးစားလုပ်နေတာတွေကို နီပိန်း အကြမ်းဖက်သမားလေးတွေသာ သိရှိနားလည်သွားရင် မခက်ပေဘူးလား။


NUG ခိုးသားငါးရာအဖွဲ့ ဦးဆောင်သူများအနေနဲ့ မိမိတို့ရဲ့ သားသမီးများကို အကြမ်းဖက်သမားအဖြစ် ခိုင်းစေတာမျိုး ရှိပါသလား။ မိမိတို့ကို ထောက်ခံအားပေးခဲ့တဲ့ မိဘများအနေနဲ့ရော သူတို့ရဲ့ သားသမီးများကို အကြမ်းဖက်သမားများအဖြစ် ခိုင်းစေလိုပါ့မလား။ NUG ခိုးသားငါးရာအဖွဲ့ ဦးဆောင်သူများက ကိုယ့်သားသမီးကိုတော့ လွတ်မြောက်နယ်မြေ ခေါ်ပြေးပြီး မိမိတို့ကို ထောက်ခံအားပေးတဲ့ လူငယ်တွေကိုတော့ အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားတဲ့ နည်းလမ်းဟာ မှန်ကန်တဲ့ လုပ်ရပ်လား။ NUG ခိုးသားငါးရာအဖွဲ့ကို ဦးဆောင်သူများအနေနဲ့ ကိုယ်ချင်းစာတရားလေး နည်းနည်းထည့်ပြီး စဉ်းစားပေးဖို့လောက်သာ အကြံပြုပါရစေ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)