NUG ကို ယုံကြည်မိတာ ပဒိုင်းသီးစားမိသလို အဖြစ်မျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG ကို ယုံကြည်မိတာ ပဒိုင်းသီးစားမိသလို အဖြစ်မျိုး


NLD ပါတီက နိုင်ငံရေးလုပ်စားသူတွေ လူရှေ့သူရှေ့ထွက်ပြောလိုက်မှဖြင့် သြချလောက်စရာတွေချည်းပဲ။ မဲလိမ်မဲခိုးပြီး အာဏာလိုချင်တဲ့ ကောင်တွေက တပ်မတော်က အာဏာလုယူပါတယ်လို့ ပြောပြီး နီပိန်းလေးတွေကို မြှောက်ပေးခဲ့တယ်။ တော်လှန်ရေးကြေညာပြီး လေတစ်လုံး မိုးတစ်လုံးလှုံ့ဆော်တဲ့ကောင်တွေက အမြှီးတောင်မမြင်ရဘဲ ဖနောင့်နဲ့တင်ပါးတသားတည်းကျအောင်ပြေးတယ်။ နီပိန်းလေးတွေမှာတော့ဖြင့် PDF အကြမ်းဖက်သမားများအဖြစ်နဲ့ တောကြိုအုံကြား စားရမဲ့ သောက်ရမဲ့ ဓားပြတိုက်၊ လုယက်၊ သတ်ဖြတ်ပြီး ရှာဖွေစားသောက်ရတဲ့ သူခိုးဓားပြဘဝကို ရောက်နေပြီ။

တော်လှန်ရေးကြေညာပြီး ပြေးတဲ့ကောင်တွေက ပြည်ပနိုင်ငံက အထောက်အပံ့တွေရတော့လည်း ဝေစားမျှစား လုပ်လိုက်ကြ။ PDF လေးတွေ အရိုးအရင်းကိုက်ဖို့တော့ အနည်းငယ် ဝေမျှဟန်တူပါရဲ့။ နီပိန်း PDF အကြမ်းဖက်သမားလေးတွေ ခမျာမှာလည်း ပေးစာကမ်းစာ စားထားမိတာ တစ်ကြောင်း၊ ကျူးလွန်ထားတဲ့ အပြစ်တွေက ရာဇဝတ်ဘေးပြေးမလွတ်နိုင်တော့တာက တစ်ကြောင်း၊ ပြေးမယ် ဆိုပြန်တော့လည်း အချင်းချင်းနောက်က လိုက်သတ်မယ့် PDF လူရမ်းကားကြီးများကို ကြောက်ရွံ့ပြီး စုပ်လည်းစူး စားလည်းရူး NUG ကို ယုံကြည်မိတာ ပဒိုင်းသီးစားမိသလို အဖြစ်မျိုး ကြုံနေကြရရှာတယ်။

ပြည်ဖျက်မီဒီယာတစ်ခုဖြစ်တဲ့ BBC သတင်းဌာနမှာ ရေးထားတာတွေ့လို့ " မိုးကုတ်ရတနာမြေမှာ ကျောက်မျက်တူးဖော်ခွင့်လုပ်ကွက်ပေးမယ်လို့ NUG ပြော" သတဲ့ဗျာ။ NUG အကြမ်းဖက်အဖွဲ့က ဘယ်သူက ပြောတာလဲဆိုရင် NUG အကြမ်းဖက်အဖွဲ့ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံ့ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် ဆိုတဲ့ ဝရမ်းပြေးတစ်ကောင်က ပြောတာဗျ။

ဦးတင်ထွန်းနိုင် ဆိုတဲ့ ဝရမ်းပြေး က"ခေတ်အဆက်ဆက် အစုအဖွဲ့တစ်ခုတည်းကနေ ရတနာတူးဖော်ခွင့်တွေကို လက်ဝါးကြီးအုပ်ထားတာကို ပြန်တရားမျှတမှုရအောင်လုပ်မယ်။ ဒီပရောဂျက်နဲ့ပတ်သက်ပြီးလည်း ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်ရေးအဖွဲ့ကလည်း အတည်ပြုချက်ရပြီးဖြစ်သလို ဘက်ပေါင်းစုံကနေ တွက်ချက်စဉ်းစားထားတာဖြစ်ပါတယ်" လို့ ပြောတယ်ဆိုပဲ။ ဒီကနေ့ လုပ်တဲ့ NUG အကြမ်းဖက်အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ ကို ပြည်ဖျက်မီဒီယာတွေဖြစ်တဲ့ BBC, VOA, RFA အပါအဝင် ပြည်ပြေး မီဒီယာတွေဖြစ်တဲ့ DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now တို့မှာ ဝေဝေဆာဆာ ရေးသားဖော်ပြနေကြတာတွေ တွေ့ကြမှာပေါ့။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်အဖွဲ့က လုပ်တဲ့ သတင်းစာရှင်းလင်း ကို ပြည်ဖျက်မီဒီယာတွေက အကျယ်တဝင့် ဖော်ပြကြတာပေါ့ဗျာ။

NUG အကြမ်းဖက်အဖွဲ့ကို ထောက်ခံအားပေးတယ်ဆိုသော ပုဂ္ဂိုလ်များ ခင်ဗျားတို့ရဲ့ အကြမ်းဖက်လှုံ့ဆော်သူ ခေါင်းဆောင်ကြီးများ ဘယ်နေရာမှာ ရှိသလဲလို့ မေးကြည့်ကြပါလား။ သတင်းစာရှင်းလင်းပွဲမှာ သူတို့ ဘယ်နေရာမှာ ရှိနေပါတယ်ဆိုတာကို ပြောသလား။ ခင်ဗျားတို့ အားကိုးယုံကြည်တဲ့ အကြမ်းဖက်ခေါင်းဆောင်ကြီးများက အားကိုးရာမဲ့ ဖြစ်နေတဲ့ ခင်ဗျားတို့တွေရဲ့ အခက်အခဲ အကြပ်အတည်းတွေကို ဘယ်လိုကူညီဖြေရှင်းပေးမယ်ဆိုတာ မစဉ်းစားဘူး။ တိုင်းပြည်က ဘာတွေထုတ်ရောင်းလို့ ရမယ်ဆိုတာတော့ သိကြသားဗျနော်။ 

စကားမစပ် ဆိုသလို မောင်မင်းကြီးသားများ လူမျိုးလိမ်နာမည် သိပ်မအော်သံမကြားရဘူး။ လူမျိုးနာမည်ကို လှိုင်လှိုင်အော်နေမှ အိုအိုင်စီ နဲ့ အနောက်အုပ်စုက ငွေအလုံးအရင်းနဲ့ ပံ့ပိုးပေးမှာ။ အော်ဖို့အကြောင်းကလည်း မကြုံ၊ ကြံဖန်ပြီး အော်ပြန်တော့လည်း ယုတ္တိမရှိ။ လူမျိုးလိမ်နာမည် မအော်တော့ ငွေက မရ။ ကြံရာမရ မိုးကုတ်ရတနာမြေကို မျက်စိကျလာပုံရတယ်။

ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူ CRPH, NUG အဖွဲ့ဝင်များ ခင်ဗျားတို့ ရောက်ရာနေရာကနေ ပြန်လာခဲ့ကြပါ။ ခင်ဗျားတို့ဆန္ဒရှိရင် CRPH, NUG အကြမ်းဖက်အဖွဲ့များရဲ့ ရုံးကို မိုးကုတ်ရတနာမြေမှာ နေရာချထားပေးပါ့မယ်။ ခင်ဗျားတို့ သဘောရှိ ရောင်းစားလို့ ရအောင်ပေါ့။ ကိုယ်ကိုယ်တိုင်တောင် ဘယ်နေရာမှာ ရှိပါတယ်လို့ မပြောရဲဘဲ အာသီးယောင်ပြီး လှမ်းရောင်းနေလို့ ဘယ်သူက ယုံကြည်မှာလဲ။ ခင်ဗျားတို့ ပြန်ခဲ့ကြ။ မိုးကုတ်ရတနာမြေမှာ CRPH, NUG အကြမ်းဖက်အဖွဲ့တွေ ရုံးစိုက်ခွင့်ပေးမယ်။ ခင်ဗျားတို့ ကျူးလွန်ထားတဲ့ ပြစ်မှုတွေကိုတော့ ဥပဒေနဲ့အညီ ပေးဆပ်ရမယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ အာသီယောင်သူများဖြင့် ဖွဲ့စည်းထားသော CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များအားလုံးကို ပြည်သူများက တွေ့ချင်မြင်ချင်နေကြပါတယ်။ ပြည်ပကနေလှုံ့ဆော်ပြီး အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း များစွာကို လုပ်ကြံသတ်ဖြတ်ဖို့ လက်နက်၊ ငွေကြေး ထောက်ပံ့ပေးပြီး အာသီးယောင်နေတဲ့ ခင်ဗျားတို့ရဲ့ ရက်စက်ယုတ်မာမှုတွေကို ပြည်သူအများကတော့ဖြင့် ခင်ဗျားတို့နဲ့ ထိပ်တိုက်ဖြေရှင်းချင်လို့ ဖိတ်ခေါ်ပါရဲ့ဗျာ။ 

ပြည်ဖျက်မိစ္ဆာ ခွေးသူတောင်းစားများ လူမျိုးလိမ်တွင်တွင်အော်ပြီး ကိုယ့်ပြည်သူအချင်းချင်း သတ်ခိုင်းတယ်။ ကိုယ့်အမျိုးသားယဉ်ကျေးမှုကို ဖျက်ဆီးတယ်။ ကိုယ့်ဘာသာ သာသနာကို ပြန်စော်ကားတယ်။ ခွေးသူတောင်းများ အာသီးယောင်လို့ ကောင်းနေကြတုန်းပဲလား။ တိုင်းပြည်ကို ဦးဆောင်ချင်တဲ့ ကောင်တွေက ခွေးလောက်မှ သောက်ဆင့်မရှိ လူမျိုးလိမ်တွင်တွင်အော်ပြီး ပြည်သူတွေကို ရက်စက်ယုတ်မာရတာ အားမရနိုင်သေးလို့ တိုင်းပြည်က ထွက်တဲ့ သယံဇာတကိုပါ လက်ညှိုးထိုးရောင်းစားပြီး ပြည်ဖျက်စီမံကိန်းကြီးကို အရှိန်အဟုန်မြှင့်တင်မလို့လား။ ခင်ဗျားတို့ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကတော့ အောချလောက်စရာတွေချည်းပါပဲဗျာ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)