One Stop Service စနစ်ဖြင့် လိုင်စင်ဆောင်ရွက်​ပေးမည့်အကြောင်းအသိပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

One Stop Service စနစ်ဖြင့် လိုင်စင်ဆောင်ရွက်​ပေးမည့်အကြောင်းအသိပေး



MNP  -  ဇန်နဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ယာဥ်စည်းကမ်းလမ်းစည်း ကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအားOne Stop Service စနစ်ဖြင့် လိုင်စင်ဆောင်ရွက်​ပေးမည်ဖြစ်ရာ အသိ​ပေးကြော်ငြာ ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အသိပေးစာစောင်များ ဖြန်ဝေပေးခြင်းများကို ယနေ့နံနက်ပိုင်းက ဖြူးမြို့ပေါ်လူနေစည်ကားရာ ပဲခူးလမ်းမပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအားOne Stop Service စနစ်ဖြင့် လိုင်စင်ဆောင်ရွက်​ပေးမည့်အစီအစဥ်သည် (၂၃-၁-၂၀၂၃) ရက်နေ့မှ စတင်ကာ (၂၃-၂-၂၀၂၃) ရက်နေ့အထိ တောင်ငူခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြူးမြို့ ယာဥ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၏ အသိပေးကြော်ငြာချက်အရ သိရသည်။


နေမျိုးလွင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)