MNP - ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီး-ပဲနွယ်ကုန်းသွား ကားလမ်းပေါ်ရှိ သံဘောင်ဘေလီတံတား ၁ ခုအား PDF အမည်ခံအကြမ်းဖက် သမားများက Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့ညနေ ၅ နာရီခန့်တွင် ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီး-ပဲနွယ်ကုန်းသွား ကားလမ်း၊ နတ်သံကွင်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၃၂၀၀ ခန့်အကွာရှိ သံဘောင်ဘေလီတံတား ၁ ခုအား PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ တံတား၏ အရှေ့မြောက်ဘက် ပေ ၂၀ ခန့်အကွာတွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် တောင်ယာမှပြန်လာကြသည့် အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ နတ်သံကွင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်းကဲ့သို့ အပြစ်မဲ့ပြည်သူများအား သေဆုံးဒဏ်ရာရရှိအောင် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment