စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာတွင် နေထိုင်သော အဖိုးအို၊ အဖွားအို၊ အသက်(၆)နှစ် အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် (၈)ဦးလုံးကို ဇန်နဝါရီလ(၁၄) ရက်နေ့ နံနက်(၁း၃၀)အချိန်ခန့်က PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်သွားခဲ့ကြပါတယ်။
သတ်ဖြတ်ခံခဲ့ရသူတွေကတော့ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာတွင် နေထိုင်ကြသော ဦးကျော်လှိုင်(ဘ)ဦးလွ အသက် (၆၅)နှစ်၊ ဒေါ်မြညွန့် (ဘ) ဦးနက်ကျော် အသက် ၇၃ နှစ်၊ မနှင်းမြလှိုင် (ဘ)ဦးကျော်လှိုင် အသက် (၄၁) နှစ်၊ မစုမြတ်စံ(ဘ) ဦးမောင်နိုင် အသက် (၁၅)နှစ်၊ ကိုမျိုးဝင်း (ဘ) ဦးသိန်းငွေ အသက် (၄၃) နှစ်၊ မနှင်းမြခိုင် (ဘ) ဦးကျော်လှိုင် အသက် (၃၈)နှစ်၊ မရွှေဘုံစံ (ဘ) ဦးမျိုးဝင်း အသက် (၁၃)နှစ်၊ မောင်ခန့်ဇေယျာမျိုး (ဘ) ဦးမျိုးဝင်း အသက်( ၆) နှစ်တို့ (၈)ဦးအား PDF အကြမ်းဖက်သမားများက နေအိမ်အတွင်းဝင်ရောက်ကာ ရက်စက်စွာ သတ်ဖြတ်သွားခဲ့ကြခြင်း ဖြစ်ပါတယ်။
အထက်ပါ PDF အကြမ်းဖက်သမားများရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှု ဖြစ်စဉ်မှာ အရွယ်မရောက်သေးတဲ့ ၆နှစ်အရွယ်၊ ၁၃နှစ်အရွယ် ကလေးငယ်တွေ အသတ်ခံခဲ့ရတဲ့အထဲမှာ ပါသလို အသက် ၆၅နှစ်အရွယ် အဘိုးအို၊ အသက် ၇၃နှစ် အရွယ် အဖွားအိုကိုပါ မချန် သတ်ဖြတ်သွားတဲ့ လုပ်ရပ်ဟာဖြင့် အလွန်အမင်း ရက်စက်ယုတ်မာရိုင်းစိုင်းမှု ဖြစ်ပါတယ်။
ဒီလို ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာတဲ့အချိန်မှာ အကြမ်းဖက်လှုံ့ဆော်သူ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေ နှုတ်ဆိတ်နေကြတာကို သတိပြုမိကြပါလိမ့်မယ်။ တပ်မတော်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု၊ သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တာဆိုရင်တော့ဖြင့် ပလူပျံအောင် ဖော်ပြကြမှာ အထူးပြောဖို့ မလိုပါဘူး။ အခုလို အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေကို PDF အကြမ်းဖက်သမားများက သတ်ဖြတ်လိုက်တဲ့အချိန်မှာ အကြမ်းဖက်လှုံ့ဆော် နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေ ဘာကြောင့် နှုတ်ဆိတ်သွားရတာလဲ။
ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော် နိုင်ငံရေးလုပ်စားသူတွေ နဲ့ ပြည်ဖျက်မီဒီယာတွေ အစဉ်တစိုက်ပြောနေတာက အကြမ်းဖက်မှုတွေကို စစ်တပ်က ကျူးလွန်နေပါတယ်လို့ ပြောဆိုနေကြခြင်းဖြစ်ပါတယ်။ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အမှန်တရားကတော့ သူတို့တွေရဲ့ သွေးထိုးမြှောက်ပင့်ပေးမှုကြောင့် မိုက်သွေးကြွနေတဲ့ PDF အကြမ်းဖက်သမားများက စစ်ရေးပစ်မှတ် မဟုတ်တဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လိုက်လံသတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေကြခြင်းကြောင့် ဖြစ်ပါတယ်။
ဒီကနေ့ မနက် ထပ်မံပြီးတော့ လွိုင်ကော်မြို့မှာ ကျင်းပမယ့် ကယားပြည်နယ်နေ့ အခမ်းအနားမုခ်ဦးဖွင့်ပွဲကို KNPP/KPDF အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်ရာ အပြစ်မဲ့ ပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး ကျောင်းသား(၆)ဦး အပါအဝင် (၁၀)ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အထက်ဖော်ပြပါ သတင်းတွေက NLD အစွန်းရောက် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်မှုများထဲက ရက်စက်ယုတ်မာမှု အထွဋ်အထိပ်ကို ရောက်တဲ့ သတင်းတွေကို မီးမောင်းထိုးပြခြင်းသာ ဖြစ်ပါတယ်။ နေ့စဉ် နေ့တိုင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ KIA/PDF အကြမ်းဖက်သမားတွေက တစ်ယောက်သတ်လိုက်၊ နှစ်ယောက်သတ်လိုက် နေ့စဉ် ရက်ဆက် အကြမ်းဖက်နေတာ ဖြစ်ပါတယ်။ အနီးကပ် လုပ်ကြံသတ်ဖြတ်ဖို့ အခွင့်မသာရင် မိုင်းဆွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်တွေကလည်း နေ့တိုင်း ကြားသိနေရတာ ဖြစ်ပါတယ်။
PDF အကြမ်းဖက်သမားများရဲ့ ၈လောင်းပြိုင်လူသတ်မှု၊ ကယားပြည်နယ်နေ့အခမ်းအနား ပစ်ခတ်တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေကို ကြည့်လိုက်ရင် အကြမ်းဖက်သမားများကတော့ အကြမ်းဖက်သမားများ လုပ်ဆောင်ရမယ့် အလုပ်ကို လက်မတွံ့ နောက်မရွံလုပ်ဆောင်နေတယ်ဆိုတာကို ပြသတဲ့ သဘောဖြစ်ပါတယ်။ အကြမ်းဖက်သမားပါဆိုမှတော့ အပြစ်မဲ့ ပြည်သူကို သတ်ဖြတ်ဖို့ ဝန်မလေးသလို အစိုးရယန္တရား ကမောက်ကမ ဖြစ်အောင်လုပ်ဖို့လည်း ယန်မလေးပါဘူး။ သူတို့ရဲ့ မူလပစ်မှတ်ကတော့ အစိုးရယန္တရားပျက်ပြားရေးကို ဦးတည်ပေမယ့် ကယားပြည်နယ်နေ့ အခမ်းအနားလို ပြည်နယ်အဆင့်၊ တိုင်းဒေသကြီးအဆင့် အခမ်းအနားများ ပစ်ခတ်တိုက်ခိုက်ခံရမှု ဖြစ်စဉ်မျိုးက နည်းပါတယ်။
ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်မှာလည်း PDF အကြမ်းဖက်သမားများက မြင်ရာတွေ့ရာ ရမ်းသတ်ပစ်ခတ်သွားတဲ့ ရုပ်သံဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ပါသေးတယ်။ မုံရွာဆိုတာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်ပါတယ်။ ရန်ကုန်မြို့ပေါ်မှာလည်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက အလားတူ ပစ်ခတ်မှုမျိုးတွေ လုပ်ဆောင်ခဲ့ကြဖူးပါတယ်။
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူတွေက အခုရက်ပိုင်းအတွင်း အမေရိကန်က အကူအညီတွေ ရတော့မှာဆိုပြီး အကြမ်းဖက်လှုပ်ရှားမှုကို အရှိန်တိုးမြှင့်ဖို့ လုပ်ဆောင်လာတာမျိုးတွေ တွေ့ရပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ အာသီးယောင်လိုက်တိုင်း ပြည်တွင်းမှာ အပြစ်မဲ့ ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်လာတာ PDF တွေရဲ့ အစဉ်အလာ ဖြစ်လို့နေပါတယ်။
ခြုံငုံသုံးသပ်ကြည့်လိုက်ရင်တော့ဖြင့် အကြမ်းဖက်သမားများက တိုင်းဖျက် ပြည်ဖျက် လုပ်ရပ်တွေကို လက်မတွံ့ နောက်မရွံ့ လုပ်ဆောင်ဖို့ ဆိုင်းပြင်နေတယ်။ အခွင့်သာတာနဲ့ လုပ်မှာပဲ ဖြစ်ပါတယ်။ အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ရာ သူတို့တာဝန်လို ဖြစ်နေပါတယ်။ သူတို့ကို အသိတရားရှိဖို့၊ တိုင်းပြည်ရဲ့ အခြေအနေမှန်ကို နားလည်ဖို့ ပြောခဲ့တဲ့ ၂နှစ်တာ ကာလအတွင်း NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF နဲ့အတူ KNU, KNLA, KKO, KIA, KNPP, KPDF အစရှိသော မရေတွက်နိုင်လောက်အောင် များပြားလှတဲ့ အကြမ်းဖက်အဖွဲ့များရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်ကတော့ဖြင့် အပြုသဘောဆန်ဆန် ပြောင်းလဲလာတာမျိုး မမြင်ရသေးပါဘူး။ အခွင့်မသာလို့သာ အကြမ်းဖက်လုပ်ရပ်တွေ မလုပ်နိုင်တာဖြစ်ပြီး အခွင့်အရေးသာတာနဲ့ အလွတ်မပေးဘဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ငန်းစဉ်အတွက် ညွှန်ကြားချက်မလိုပါဘူး။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အစိုးရရုံးဌာနကို တိုက်ခိုက်သည်ဖြစ်စေ၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်သည်ဖြစ်စေ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်က အထမြောက်ပါတယ်။ အကြမ်းဖက်နှိမ်နင်းရေးအပိုင်းမှာတော့ NLD အစွန်းရောက်တွေ စတင် ဆူပူအကြမ်းဖက်၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ရက်စက်ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်ပါပြီဆိုတဲ့ အချိန်ကစလို့ ယနေ့တိုင်အောင် ဘာကြောင့် မနှိမ်နင်းတာလဲဆိုတဲ့ မေးခွန်းက အဖြေပေးမယ့်သူ မရှိဘဲ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတိုင်းက မေးနေတဲ့ မေးခွန်း ဖြစ်ပါတယ်။ မနှိမ်နင်းဘူးလားလို့ မေးရင်လည်း နှိမ်နင်းနေပါတယ်။ အကြမ်းဖက်လှုပ်ရှားမှုက လျော့ပါးသွားသလားဆိုရင်တော့ဖြင့် အရှိန်အဟုန်ကောင်းနေဆဲပါ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment