ရွှေဘိုမြို့နယ်၊ တအုံကျေးရွာနှင့် အုန်းပေါက်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမား ၆ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့နယ်၊ တအုံကျေးရွာနှင့် အုန်းပေါက်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမား ၆ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

 


MNP ၊ ဇန်နဝါရီလ ၁၄ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် တအုံကျေးရွာအနီးတွင်  ယမန်နေ့ မနက် ၉ နာရီ ခန့်တွင် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးဖွဲ့သည် ပြောက်ကျား ယူနီဖောင်းဝတ်ဆင်ထားသည့် PDF အကြမ်းဖက်သမား ၄ ဦး အားတွေ့ရှိရ၍ ပစ်ခတ်ရှင်းလင်းမှုများပြုလုပ်ခဲ့ရာ PDF အကြမ်းဖက်သမား ၄ဦး (အသေ)၊ သေနတ် ၂ လက်၊ ကျည်အိမ် ၁ ခု ၊ ကျည် ၈ တောင့်၊ လက်လုပ်သေနတ် ၁ လက်၊ ၁၂ ဗိုကျည် ၅ တောင့် ၊ လက်လုပ်မိုင်း ၂ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လုံခြုံရေးအဖွဲ့များသည် နယ်မြေရှင်းလင်းမှုများဆောင်ရွက်ခဲ့ရာ အုန်းပေါက်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်သမားများ၏ ခြုံခိုပစ်ခတ်တိုက်ခိုက်မှုအား ပြန်လည် ပစ်ခတ်ရှင်းလင်းခဲ့ရာ PDF ပဒက်များသည် ဒဏ်ရာများစွာဖြင့် ခွေးပြေးဝက်ပြေးဆုတ်ခွာ ထွက်ပြေးသွားခဲ့ရာ  ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းခဲ့သည်။

အဆိုပါ ထိတွေ့မှုဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမား ၂ဦး (အသေ)၊ လက်လုပ်စိန်ပြောင်း ၄ လက်၊ လက်လုပ်ဗုံးသီး ၈ လုံး၊ ရှေ့ထွက်မိုင်း ၄ လုံး၊ ရီမုခလုတ် ၂ ခု၊ ယမ်းမှုန့် ၁ ထုတ်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ PDF အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ကျေးရွာများ၊ ပြည်သူ့စစ်ဖွဲ့စည်းထားသော ကျေးရွာများသို့ လက်လုပ်စိန်ပြောင်းများဖြင့် အဝေးမှ ပစ်ခတ်နှောက်ယှက်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။


https://t.me/MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)