MNP ၊ ဇန်နဝါရီလ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် မြေနဲကျေးရွာနှင့် ကတော့ပလ္လင်ကျေးရွာကြားတွင် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးအဖွဲများသည် ယမန်နေ့ နေ့လယ် ၂ နာရီခန့်တွင် PDF အကြမ်းဖက်သမားများ ထောင်ထားသည့်မိုင်းများအား ဖော်ထုတ်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
PDF ပဒက်များသည် အများပြည်သူများ အေးချမ်းစွာ သွားလာလျက်ရှိပြိး စားဝတ်နေရေးများအတွက် တောင်ယာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည်ကို ထိခိုက်သေကျေစေလိုသော ရည်ရွယ်ချက်ဖြင့် မိုင်းများထောင်ထားခဲ့ရာ လုံခြုံရေးအဖွဲ့များက အများပြည်သူများအား ထိခိုက်မှု မရှိစေရန် PDF အကြမ်းဖက်သမားများထောင်ထားသည့် သံကိုယ်ထည်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၃၃ လုံး၊ ကော်ပုံးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၄ လုံး၊ ၁၂ ဗို့ဘတ္ထရီ ၁၀ လုံး၊ ဝါယာကြိုး ၁၃ ခွေ၊ ရီမုခလုတ် ၁၂ ခု တို့အား ဖော်ထုတ်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်နေသည်။ အကြမ်းဖက်အဖွဲ့များအား အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ထောက်ပံ့ပေးနေသည်။ PDF အကြမ်းဖက်သမားများ အလိုမရှိ။)
No comments:
Post a Comment