ကသာမြို့ပေါ်ရပ်ကွက်များတွင် မိုင်းထောင်ဖောက်ခွဲလျက် ရှိသော PDF အကြမ်းဖက်အဖွဲ့ဝင် ၂ဦး လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာမြို့ပေါ်ရပ်ကွက်များတွင် မိုင်းထောင်ဖောက်ခွဲလျက် ရှိသော PDF အကြမ်းဖက်အဖွဲ့ဝင် ၂ဦး လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ




MNP ၊ ဇန်နဝါရီလ ၁၈ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြိုပေါ်ရပ်ကွက်များတွင် PDF ပဒက်များနှင့် ပူးပေါင်းကာ ဖောက်ခွဲရေးလုပ်ငန်းများအား လုပ်ကိုင်လျက်ရှိသူ ၂ ဦးသည်   ယမန်နေ့ ညနေ ၅ နာရီခန့်တွင် ကသာမြို၊ အမှတ်(၅)ရပ်ကွက်တွင်ရှိသော ၎င်းတို့၏နေအိမ်သို့ ပြန်လည်ရောက်ရှိနေထိုင်လျက်ရှိကြောင်းကို အေးချမ်းစွာနေထိုင်လိုသော ဒေသခံပြည်သူများ၏ သတင်းပေးချက်များအရ လုံခြုံရေးအဖွဲများက သွားရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဇော်မင်းထွန်း(ခ)ဘူးသီးနှင့် ၎င်း၏ ဇနီးဖြစ်သူ ဇင်ဇင်ခိုင်တို့အား တွေ့ရှိခဲ့သည်။

PDF အကြမ်းဖက်အဖွဲ့ဝင် ဇော်မင်းထွန်း(ခ)ဘူးသီးနှင့် ဇနီးဖြစ်သူ ဇင်ဇင်ခိုင်တို့၏ နေအိမ်အတွင်းစစ်ဆေးမှု များပြုလုပ်ခဲ့ရာ  လက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ ဆားကစ်အိမ် ၁ ခု၊ စနက်ကြိုး ၅ ခွေ၊ ရီမု ၁ ခု၊ ပြောက်ကျားယူနီဖောင်းအင်္ကျီ ၁ ထည်၊ ပြောက်ကျားဦးထုပ် ၁ လုံး၊ တောစီးဖိနပ် ၁ ရံ၊ ကျည်မျိုးစုံ ၁၁ တောင့်၊ ဓာတ်ခဲခြောက် ၁ ခု၊ ဓား ၁ ချောင်း၊ သံပိုက်လုံး ၁ လုံးတိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိ PDF အကြမ်းဖက်အဖွဲ့ဝင် ဇော်မင်းထွန်း(ခ)ဘူးသီးနှင့် ဇနီးဖြစ်သူ ဇင်ဇင်ခိုင်တို့၏ နေအိမ်အား ချိတ်ပိတ်လိုက်ကြောင်း သိရသည်။


#MyanmarNationalPost 

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)