MNP ၊ ဇန်နဝါရီလ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြိုနယ် ရွာသာကျေးရွာတွင်နေထိုင်လျက်ရှိသော အပြစ်မဲ့ပြည်သူ ၁ ဦးအား ယမန်နေ့ ညနေ ၃ နာရီခန့်တွင် PDF များမှ လုပ်ကြံသတ်ဖြတ်သွားခဲ့ကြောင်း သိသည်။
ဖြစ်စဉ်မှာ ကျေးရွာတွင် အေးချမ်းစွာ နေထိုင်လျက်ရှိပြီး မိမိတို့မိသားစုစားဝတ်နေရေးအတွက် အလုပ် လုပ်ကိုင်လျက်ရှိသော အပြစ်မဲ့ပြည်သူဖြစ်သည့် ဦးဉာဏ်ထွန်းနှင့် ဇနီးဖြစ်သူ ဒေါ်နန်းမေ တို့သည် နေအိမ်တွင် အတူရှိနေစဉ် PDF အကြမ်းဖက်သမားများသည် လက်လုပ်သေနတ်များကိုင်ဆောင်ကာ ရောက်ရှိလာပြီး ၎င်းတို့နေအိမ်အတွင်းသို့ ဝင်ရောက်ကာ မေးမြန်းခြင်းတစ်စုံတစ်ရာ မရှိဘဲ အကြောင်းမဲ့ သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ ဉီးဉာဏ်ထွန်းမှာ သေနတ်ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူ ဒေါ်နန်းမေ မှာ သေနတ်ဒဏ်ရာများနှင့် နေရာမှာပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)
No comments:
Post a Comment