ကလေးမြို့နယ်၊ သာယာဝတီရပ်ကွက်တွင် နေထိုင်သော အပြစ်မဲ့ပြည်သူ ၁ ဦးအား PDF အကြမ်းဖက်သမားများက ဖမ်းဆီးသွားပြီး ငွေသိန်း ၅၀ ဖြင့် လဲလှယ်ရန် ဖုန်းဆက်တောင်းခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးမြို့နယ်၊ သာယာဝတီရပ်ကွက်တွင် နေထိုင်သော အပြစ်မဲ့ပြည်သူ ၁ ဦးအား PDF အကြမ်းဖက်သမားများက ဖမ်းဆီးသွားပြီး ငွေသိန်း ၅၀ ဖြင့် လဲလှယ်ရန် ဖုန်းဆက်တောင်းခံ

 


MNP ၊ ဇန်နဝါရီလ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုနယ် သာယာဝတီရပ်ကွက်တွင် မိသားစုနှင့်အတူ အေးချမ်းစွာနေထိုင်လျက်ရှိပြီး အလုပ်လုပ်ကိုင်နေသော အပြစ်မဲ့ပြည်သူ ၁ ဦးသည် မိမိ၏လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရန်အတွက် နေအိမ်မှ ကလေး-ဂန့်ဂေါကားလမ်းအတိုင်း ထွက်ခွာလာစဉ်  ယမန်နေ့ နေ့လယ် ၂ နာရီခန့်တွင် PDF အကြမ်းဖက်သမားများက ကောက်ကျစ်ယုတ်မာစွာဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်းအပြစ်မဲ့ပြည်သူ ၁ ဦး၏ ဇနီးဖြစ်သူအား PDF အကြမ်းဖက်သမားများက ဖုန်းဖြင့် ဆက်သွယ်ကာ ငွေကျပ် သိန်း ၅၀ ဖြင့်လာရောက်လဲလှယ်ရန် ဆက်သွယ်လာခဲ့ကြောင်း သိရသည်။

အပြစ်မဲ့ပြည်သူ၏ဇနီးသည် ငွေကျပ်သိန်း ၅၀ အားယူဆောင်ကာ ၎င်းပဒက်များချိန်းဆိုထားသည့်နေရာအား သွားရောက်ပေးဆောင်ခဲ့သော်လည်း PDF အကြမ်းဖက်သမားများသည် ဖမ်းဆီးထားသော အပြစ်မဲ့ပြည်သူ ၁ ဦးအား ပြန်လည်လွှတ်ပေးခြင်း မရှိဘဲ ငွေကျပ်သိန်း ၅၀ အားယူဆောင်သွားခဲ့ကြောင်း သိရသည်။

အပြစ်မဲ့ပြည်သူ ၁ ဦးမှာ အေးချမ်းစွာလုပ်ကိုင်စားသောက်လျက်ရှိပြီး မည့်ကိစ္စကိုမှ ပါဝင်ပတ်သက်ခြင်းမရှိသောကြောင့် PDF အကြမ်းဖက်သမားများက ငွေကြေးရယူလိုသဖြင့် ထိုအပြစ်မဲ့ပြည်သူအား ဒလန်ဟု မဟုတ်မမှန် ခေါင်းစဉ်တပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဒေသခံပြည်သူများ၏ သတင်းပေးချက်များအရ လုံခြုံရေးအဖွဲ့များသည် အပြစ်မဲ့ပြည်သူ ၁ ဦးအား ပြန်ပေးဆွဲ ငွေကြေးတောင်းရမ်းလျက်ရှိသော PDF အကြမ်းဖက်သမားများအား အချိန်နှင့်တပြေးညီ လိုက်လံရှာဖွေရှင်းလင်းလျက်ရှိပြီး  ထိုအပြည်မဲ့ပြည်သူ ၁ ဦးအား အမြန်ဆုံးကယ်တင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

CRPH, NUG တို့၏ သြဇာခံ PDF အကြမ်းဖက်သမားများမှာ တော်လှန်ရေးဟု အသံကောင်းဟစ်နေသော်လည်း သူခိုး၊ ဓားပြအဖွဲ့သာ ဖြစ်ကြောင်း ၎င်းတို့၏ လုပ်ရပ်များက သက်သေခံလျှက်ရှိသည်။


(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)