ခင်ဦးမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်ရှိ မြေနီလျှိုလမ်းဆုံအနီးတွင် PDF အကြမ်းဖက်သမား ၂ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခင်ဦးမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်ရှိ မြေနီလျှိုလမ်းဆုံအနီးတွင် PDF အကြမ်းဖက်သမား ၂ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ



MNP ၊ ဇန်နဝါရီလ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ မြေနီလျှိုလမ်းဆုံအနီးတွင် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးအဖွဲများနှင့် PDF အကြမ်းဖက်သမားများ  ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများအား အနိုင်ကျင့်စော်ကားရန် ယုတ်မာသောစိတ်ဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်လိုသော PDF အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်းခဲ့ရပြီး ဒဏ်ရာများစွာဖြင့် ထွက်ပြေးသွားခဲ့ရာ လုံခြုံရေးအဖွဲများက လိုက်လံရှင်းလင်းမှုများပြုလုပ်ခဲ့ရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း PDF အကြမ်းဖက်သမား ၂ဦး ၊ M-79 သေနတ် ၁ လက်၊ ၄၀ မမ ဗုံးသီး ၂ လုံး၊ လက်လုပ်မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၁ လုံး တိုအား သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)