ကနီမြို့၊ နတ်ကြီးကျေးရွာနှင့် မုဌောကျေးရွာ အနီးတွင် PDF အကြမ်းဖက်သမားများ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကနီမြို့၊ နတ်ကြီးကျေးရွာနှင့် မုဌောကျေးရွာ အနီးတွင် PDF အကြမ်းဖက်သမားများ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ



MNP ၊ ဇန်နဝါရီလ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် နတ်ကြီးကျေးရွာအနီးတွင် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးအဖွဲများနှင့် အများပြည်သူများအား လိုက်လံသတ်ဖြတ်နေသော PDF အကြမ်းဖက်သမားများ  ယမန်နေ့ နံနက် ၉ နရီခွဲခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးအဖွဲ့များသည် PDF အကြမ်းဖက်သမားများအား ပစ်ခတ်ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ PDF အကြမ်းဖက်သမားများ ဒဏ်ရာများစွာဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် PDF အကြမ်းဖက်သမားများ ထွက်ပြေးသွားရာ လမ်းကြောင်းတစ်လျှောက် လိုက်လံရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ အကြမ်းဖက်သမား ၁ ဦး (အသေ)၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ လက်လုပ်သေနတ် ၁ လက် တိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ နေ့လယ် ၁၁ နာရီခန့်တွင် ကနီမြို့နယ် မုဌာကျေးရွာအနီးတွင် လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်းဆောင်ရွက်နေစဉ် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်သမားများထံမှ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်တို့အား သိမ်းဆည်းရရှိခဲ့၍ လုံခြုံရေးအဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)