ထီးလင်းမြို့နယ်အနီးတွင် PDF အကြမ်းဖက်စခန်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထီးလင်းမြို့နယ်အနီးတွင် PDF အကြမ်းဖက်စခန်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှား



MNP ၊ ဇန်နဝါရီလ ၉

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြိုနယ် အနီးတွင် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးအဖွဲများနှင့် PDF အကြမ်းဖက်သမားများ ယမန်နေ့ နံနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်စခန်းအား ရှင်းလင်းဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။ 

ထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်းရာ PDF အကြမ်းဖက်သမားများမှာ ဆုတ်ခွါ ထွက်ပြေးသွားခဲ့ပြီး ထွက်ပြေးသွားရာလမ်းကြောင်းတစ်လျှောက် ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမားများ အခြေချနေထိုင်ခဲ့သည် စခန်း ၁ ခုအား တွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲများက အသေးစိတ်ဝင်ရောက်ရှာဖွေရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ PDF အကြမ်းဖက်စခန်းတွင် လူနေတဲ ၂၄ လုံး၊ ရှင်းလင်းဆောင် ၁ လုံး၊ ထမင်းစားဆောင် ၁ လုံး၊ အချုပ်ခန်း ၁ ခု၊ ပစ္စည်းထားသည့်တဲ ၆ လုံး၊ ဆန်အိတ် ၆ အိတ်၊ ဆား ၁ အိတ်၊ အသားတု ၁ အိတ်၊ မတ်ပဲ ၁ အိတ်၊ လက်လုပ်မိုင်း ၁၂ လုံး၊ ဖြူးစ် ၈ ချောင်း၊ ယမ်းထုပ် ၈ ထုပ်၊ ဝါယာကြိုး ၁ ခွေ၊ လက်ဆွဲမီးစက် ၁ လုံး၊ ဘတ္ထရီအိုးအကြီး ၄ လုံး၊ အီကွေ့မန့် ၂ စုံ၊ အိုင်ကွန် ၂ လုံး၊ ထမင်းပေါင်းအိုး ၁ လုံး၊ ဆိုင်ကယ်မျိုးစုံ ၆ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း  သိရသည်။

ထိတွေ့ ရှင်းလင်းမှု ဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံး မရှိခဲ့ကြောင်း သိရသည်။


(PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)