ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီးတွင် အပြစ်မဲ့ပြည်သူ ၁ ဦးအား PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီးတွင် အပြစ်မဲ့ပြည်သူ ၁ ဦးအား PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်


MNP ၊ ဇန်နဝါရီလ ၂ 

စစ်ကိုင်းဒေသကြီး၊ ရွှေဘိုမြို့ ညောင်ပင်သာကျေးရွာတွင် အေးချမ်းစွာနေထိုက်လျက်ရှိသော အပြစ်မဲ့ပြည်သူ ၁ ဦးဖြစ်သူ ဒေါ်ကြူကြူမိုးသည် မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ရန် လယ်တောသို့ သွားရောက်စဉ် ကျေးရွာအပြင်ဘက် မူးဘောင်လမ်းတွင် ယမန်နေ့ နံနက် ၇ နာရီခွဲခန့်တွင် PDF အကြမ်းဖက်သမားများက ကောက်ကျစ်ယုတ်မာစွာဖြင့်  မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသူ ဒေါ်ကြူကြူမိုးသည် မိုင်းစထိမှန်ဒဏ်ရာများစွာရရှိခဲ့သောကြောင့် ဒေသခံပြည်သူများက မင်းရပ်မြို့ ပြည်သူ့ဆေးရုံသို့ လိုက်လံပိုဆောင်ပေးခဲ့ကြောင်း သိရသည်။ 

PDF အကြမ်းဖက်သမားများအနေဖြင့် မိမိတို့စားဝတ်နေရေးအတွက် ရိုးသားစွာ ရုန်းကန်လှုပ်ရှားနေသော ဒေသခံပြည်သူများအပေါ် ရက်စက်ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်များ ကျူးလွန်နေခြင်းကြောင့် ပြည်သူများက ရွံမုန်းလာကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)