ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာအနီးတွင် PDF အကြမ်းဖက်စခန်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာအနီးတွင် PDF အကြမ်းဖက်စခန်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ





MNP ၊ ဇန်နဝါရီလ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာအနီးတွင် လုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းမှုများဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် PDF အကြမ်အကြမ်းဖက်သမားများ၏ အခြေချစခန်း ၁ ခုအားတွေ့ရှိရ၍ ဝင်ရောက်ရှင်းလင်းခဲ့ရာ မိုးကာတဲ ၂ လုံးနှင့် လက်လုပ်မိုင်း ၁၂ လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။


ဆက်လက်၍ လုံခြုံရေးအဖွဲများက ၎င်းစခန်းအနီးတစ်ဝိုက်အား အဆက်မပြတ် လိုက်လံရှင်းလင်းခဲ့ရာ နံနက် ၁၁ နာရီခွဲခန့်တွင် PDF အကြမ်းဖက်သမားများ၏ လက်လုပ်သေနတ် ၁၂ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၃ လုံး၊ လက်လုပ်မိုင်း(စလစ်အိုး) ၉ လုံး၊ ကျည်အိမ် ၄ ခု၊ ဝရိန်ပုံး ၂ လုံး၊ သံဖြတ်စက် ၂ လုံး၊ သံဖောက်စက် ၃ လုံး၊ သေနတ်ပြုလုပ်ရန် သံပိုက် ၁၆ ချောင်း၊ သေနတ်ပစ်ခလုတ် ၂ ခု၊ စပရိန် ၂ ချောင်း၊ ပြောက်ကျားယူနီဖောင်း ၂ စုံ၊ တဲ ၂ လုံး၊ ဆိုင်ကယ် ၄ စီး၊ စာရွက်စာတမ်းတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးအဖွဲများသည် ထပ်မံ၍ ရှင်းလင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)