တမူးမြို့နယ်၊ မြို့မရပ်ကွက်တွင်နေထိုင်သော အပြစ်မဲ့ပြည်သူ ၁ဦးအား PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူးမြို့နယ်၊ မြို့မရပ်ကွက်တွင်နေထိုင်သော အပြစ်မဲ့ပြည်သူ ၁ဦးအား PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်



MNP ၊ ဇန်နဝါရီလ ၁၉ 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မြို့မရပ်ကွက်တွင်နေထိုင်လျက်ရှိသော အပြစ်မဲ့ပြည်သူ ၁ ဦးဖြစ်သူ ဦးအဲသား(ခ) ဖြူအေးသည် နေအိမ်မှ စားသောက်ဆိုင်သို့ သွားရောက်ခဲ့ရာ  ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် PDF အကြမ်းဖက်သမားများက ဒလန်ဟုစွပ်စွဲ၍ ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။ 

သေဆုံးသူ ဦးအဲသား(ခ)ဖြူအေးအား PDF အကြမ်းဖက်သမားများက လူမဆန်စွာ သတ်ဖြတ်ခဲ့ပြီး မြန်မာ-အိန္ဒယ နှစ်နိုင်ငံနယ်စပ်ရှိ ကျွန်းတောထဲတွင် သွားရောက်စွန့်ပစ်ထားခဲ့ကြောင်း သိရှိရပြီး နာရေးကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် တမူးမြို ပြည်သူ့ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးအမည်ခံထားသော PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ပြည်သူများအပေါ် ခေါင်းစဉ်အမျိုးမျိုးတပ်၍ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။


https://t.me/MyanmarNationalPost/76528

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)