မင်းကင်းမြို့နယ်၊ ရုံသာကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းကင်းမြို့နယ်၊ ရုံသာကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်



MNP ၊ ဇန်နဝါရီလ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် လက်ပံဆိပ်နှင့်မတောကျေးရွာ အနီးတွင် အများပြည်သူများအေးချမ်းစွာနေထိုင်ရေးအတွက် လုံခြုံရေးအဖွဲများက နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ပြီး ဆက်လက်ထွက်ခွာလာခဲ့ရာ  ယမန်နေ့ နေ့လယ် ၂ နာရီခန့်တွင် ရုံသာကျေးရွာအနီးသို့ရောက်ရှိစဉ် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးအဖွဲ့များက ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် အကြမ်းဖက်သမားများ အထိနာကာ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထွက်ပြေးသွားသော PDF အကြမ်းဖက်သမားများနောက်သို့ လုံခြုံရေးအဖွဲ့များက ထပ်ကြပ်မကွာလိုက်လံရှင်းခဲ့ပြီး လုံခြုံရေးအဖွဲများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)