ဂန့်ဂေါမြို့နယ်၊ စိုင်းဒူးကျေးရွာအနီးရှိ PDF အကြမ်းဖက်သမားများ၏ စခန်း ၁ ခုအား ရှင်းလင်းဖယ်ရှား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့နယ်၊ စိုင်းဒူးကျေးရွာအနီးရှိ PDF အကြမ်းဖက်သမားများ၏ စခန်း ၁ ခုအား ရှင်းလင်းဖယ်ရှား


MNP ၊ ဇန်နဝါရီလ ၁၉ 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် စိုင်းဒူးကျေးရွာအနီးတွင် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးအဖွဲများသည် ယမန်နေ့ နံနက် ၈ နာရီခန့်တွင် PDF အကြမ်းဖက်သမားများ၏ စခန်း ၁ ခုအား တွေ့ရှိရသဖြင့် ရှင်းလင်းဖယ်ရှား ခဲ့ကြောင်း သိရသည်။

အဆိုပါ PDF အကြမ်းဖက်စခန်းမှ လက်လုပ်စိန်ပြောင်း ၁၅ လက်၊ လက်လုပ် ၄၀ မမ သေနတ် ၄ လက်၊ ၁၂ ဗိုကျည် ၁၈၀ တောင့်၊ လက်လုပ်ဗုံးသီး ၄၀ လုံး၊ လက်လုပ်မိုင်း ၁၀ လုံး၊ ယမ်းစိမ်းမှုန့် ၁.၅ ပိဿာ၊ ယမ်းကြိုး ၁ ခွေ၊ ဝါယာကြိုး ၂ ခွေ၊ - တဲ ၃ လုံး၊ ဒန်အိုးမျိုးစုံ ၇ လုံး၊ ရေတိုင်ကီ ၂ လုံး၊ ကျည်ကာအင်္ကျီ ၅၀ ထည်၊ ပြောက်ကျားဝတ်စုံ ၈ စုံ၊ လည်စီး ၂၀ ခု၊ အလံနီ ၁ ထည်၊ ဆိုလာပြား ၁ ချပ်၊ ၁၂ ဗို့ ဘတ္ထရီ ၂ လုံး၊ နှာခေါင်းစီး ၈၀ ခု၊ ဝရိန်းစက် ၁ လုံး၊ ဆိုင်ကယ် ၂ စီး၊ ဆန်အိတ် ၂ အိတ်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 


#MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)