PDF အကြမ်းဖက်သမားများက မြိုင်မြို့နယ်ရှိ ကျောက်ဖူးမီးရထားဘူတာအား မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်သမားများက မြိုင်မြို့နယ်ရှိ ကျောက်ဖူးမီးရထားဘူတာအား မီးရှို့ဖျက်ဆီး

 


MNP ၊ ဇန်နဝါရီလ ၁၉

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ အကြမ်းဖက်သမားများက ကျောက်ဖူးကျေးရွာအနီးရှိ ကျောက်ဖူးမီးရထားဘူတာအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကျောက်ဖူးကျေးရွာအနီးရှိ ကျောက်ဖူးမီးရထားဘူတာသို့ PDF အမည်ခံ အကြမ်းဖက် အဖွဲ့ အင်အား ၁၀ ဦးခန့်ရောက်ရှိလာပြီး မီးရှို့ဖျက်ဆီးခဲ့ရာ မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း ဘူတာရုံအဆောက်အဦ ၁ လုံး၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၂ ယူနစ် ဝန်ထမ်းနေအိမ် လိုင်းခန်းအဆောက်အဦ ၁ လုံးနှင့် ရေတင်စက် ၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထိုသို့ မီးရထားဘူတာရုံအား မီးရှို့ဖျက်ဆီးသွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)