လွိုင်ကော်တွင် PDF အကြမ်းဖက်သမား ၈ ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်တွင် PDF အကြမ်းဖက်သမား ၈ ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ


MNP ၊ ဇန်နဝါရီ ၁၉

ယနေ့ လွိုင်ကော်မြို့၊ မယ်တော်ဂူအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အကြမ်းဖက်သမားများ ထိတွေ့မှုဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်သမား ၈ ဦး (အသေ) ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိတွေ့မှုဖြစ်စဉ်အတွင်း အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်ကြပ်မကွာ လိုက်လံ ရှင်းလင်းလျက်ရှိပြီး အကြမ်းဖက်သမားများ အသုံးပြုသည့် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို KNPP/PDF အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦး သေဆုံးပြီး ကျောင်းသား/ ကျောင်းသူများ ထိခိုက်ဒဏ်ရာရှိမှုများ ဖြစ်ပေါ်ခဲ့ရာ အခမ်းအနားကို ဖျက်သိမ်းခဲ့ရသည်။


#MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)