တမူးမြို့နယ်၊ စော်ဘွား(၅)ရပ်ကွက်တွင်ရှိသော ရွေးကောက်ပွဲကော်မရှင်ရုံးအား PDF အကြမ်းဖက်သမးများက မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူးမြို့နယ်၊ စော်ဘွား(၅)ရပ်ကွက်တွင်ရှိသော ရွေးကောက်ပွဲကော်မရှင်ရုံးအား PDF အကြမ်းဖက်သမးများက မီးရှို့ဖျက်ဆီး





MNP ၊ ဇန်နဝါရီလ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို စော်ဘွား(၅)ရပ်ကွက်တွင်ရှိသော ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးအား ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် PDF အကြမ်းဖက်သမားများက လာရောက်မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်စီးလျက်ရှိကြောင်းကို ဒေသခံများ၏ သတင်းပေးချက်အရ သိရှိရ၍ လုံခြုံရေးပူးပေါင်းအဖွဲ့များနှင့် တမူးမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူများ သွားရောက်၍ မီးသတ်ယာဉ် ၁ စီးနှင့်အတူ ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် မီးညွှန့်ကျိုးသွားခဲ့ပြီး ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများ၏ မီးရှိဖျက်စီးမှုကြောင့် ရုံးဝန်းအတွင်းရှိ ပျဉ်ကာ ၁ ထပ် အဆောက်အဦ ၁ လုံး မီးလောင်ပျက်စီး ဆုံးရှုးခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရပါသည်။

ပြည်ပြေး ဝရမ်းပြေးများအနေဖြင့် ရွေးကောက်ပွဲကို နှောက်ယှက်ဖျက်ဆီးရန် လှုံ့ဆော်မှုများ လုပ်ဆောင်နေသည်ကို တွေ့မြင်ရပြီးနောက် တမူးမြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသည် PDF အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် ပထမဆုံး ဖျက်ဆီးခံလိုက်ရသည်။


#MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)