ခင်ဦးမြို့နယ်၊ မြကန်သာကျေးရွာရှိ စာသင်ကျောင်းအတွင်းတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခင်ဦးမြို့နယ်၊ မြကန်သာကျေးရွာရှိ စာသင်ကျောင်းအတွင်းတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ




MNP ၊ ဇန်နဝါရီလ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်းဦးမြို့နယ်၊ မြကန်သာကျေးရွာရှိ စာသင်ကျောင်း အတွင်း၌ လုံခြုံရေးပူးပေါင်းအဖွဲ့များသည် ယမန်နေ့က ဝင်ရောက်စစ်ဆေးခဲ့ရာ PDF အကြမ်းဖက်သမားများ အသုံးပြုသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။


စာသင်ကျောင်း PDF အကြမ်းဖက်သမားများ ခိုးကြောင်ခိုးဝှက်ထားပြီး အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ရန် စုဆောင်းထားသော လက်နက်ခဲယမ်းများနှင့် ဆက်စပ်စ္စည်းများမှာ လက်လုပ်သေနတ် ၆ လက်၊ လက်လုပ် အာပီဂျီ ၃ လက်၊ ၁၂ ဗိုကျည် ၁၄၃ တောင့်၊ ဆိုင်ကယ်ဘတ္ထရီအိုး(အသေး) ၁၃ လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ၆ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊  ယမ်းမဲ (၂ ပိသာခန့်) ၁ ဗူး၊ ရီမုတ် ဆားကစ်ပြား ၂ ခု၊ ဝါယာကြိုး ၂ ချောင်း၊ ကြေးနန်းကြိုး(ပေ ၃၀ ခန့်) ၁ ချောင်း၊ ဆေးထိုးပိုက်( 20 CC) ၆ ခု၊ ပျောက်ကြား ဦးထုပ် ၈ လုံး၊ ပျောက်ကြား အင်္ကျီ ၁ ထည်၊ ကျည်ကာ အင်္ကျီ ၃ ထည်၊ ချိန်ဆော ၁ ခု၊  အင်ဗာတာ ၂ လုံး၊ BrbaoFeng တံဆိပ်ပါ စကားပြောစက်(မကောင်း) ၈ လုံး၊ BrbaoFeng တံဆိပ်ပါ စကားပြောစက်(အားသွင်းခွက်) ၂ ခု၊ ဆိုင်ကယ်ဘောစိ ၅၀ လုံး တို့အား  လုံခြုံအဖွဲဝင်များက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)