ဘုတလင်မြို့နယ်၊ ဗန္ဓုလရပ်ကွက်အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတလင်မြို့နယ်၊ ဗန္ဓုလရပ်ကွက်အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိ



MNP ၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဗန္ဓုလရပ်ကွက်အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြို့ရွာများလုံခြုံရေးအတွက် လုံခြုံရေးလုပ်ငန်း များအား နေ့ညမပြတ်ဆောင်ရွက်လျက်ရှိစဉ် ဇန်နဝါရီလ ၁၈ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ် ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဗန္ဓုလ ရပ်ကွက် အတွင်းသို့ လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများမှာ ပြန်လည်ဆုတ်ခွာ သွားခဲ့သည်။


ထိုသို့ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ရပ်ကွက်အတွင်း ရောက်ရှိနေသည့် ဘုတလင်မြို့နယ်၊ သပြေပင်ကျေးရွာနေ မယဉ်ယဉ်ဌေး (၁၃)နှစ် (ဘ)ဦးစန်းမောင်နှင့် ၎င်း၏မောင်ဖြစ်သူ မောင်မြင့်မြတ်သူ(၁၀)နှစ်တို့တွင် ဗုံးသီးစထိမှန် ဒဏ်ရာ များရရှိခဲ့ပြီး ဆေးကုသနိုင်ရေး အတွက် ဘုတလင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။


ဖြစ်စဉ်တွင် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အသက်အန္တရာယ်များ ကာကွယ်စောင့်ရှောက်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)