ယင်းမာပင်မြို့နယ်၊ မြရိပ်တောင်ကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယင်းမာပင်မြို့နယ်၊ မြရိပ်တောင်ကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှား



MNP ၊ ဇန်နဝါရီ ၂၇ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် မြရိပ်တောင်ကျေးရွာအနီးတွင် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးအဖွဲများနှင့် PDF ပဒက်များ ယမန်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် PDF အကြမ်းဖက်စခန်းကို ရှင်းလင်းဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။

ထိတွေ့မှု ဖြစ်စဉ်အတွင်း ဒဏ်ရာများစွာဖြင့် PDF အကြမ်းဖက်သမားများ ထွက်ပြေးရာ လမ်းကြောင်းတစ်လျှောက်အား လိုက်လံရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ  အကြမ်းဖက်စခန်း ပြုလုပ်ထားသော လူနေတဲ ၈ လုံး၊ ၁ ယောက်ပစ်ကျင်း ၁၈ ကျင်း၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၈ လုံး၊ လက်လုပ်မိုင်း ၇ လုံး၊ ယမ်းချောင်း ၅၀ ချောင်း၊ ကန့်အဝါအမှုန့်ထုပ် ၁၂ ထုပ်၊ လက်လုပ်drone ၁ စီး၊ ကျောပိုးအိတ်၂ လုံး၊ အီကွေ့မန့် ၁ စုံ၊ ပြောက်ကျားဘောင်းဘီ ၃ ထည်၊ မီးစက် ၁ လုံး၊ ဆိုင်ကယ် ၁၄ စီး၊ ကား ၁ စီး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်နေသည်။ အကြမ်းဖက်အဖွဲ့များအား အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ထောက်ပံ့ပေးနေသည်။ PDF အကြမ်းဖက်သမားများ အလိုမရှိ။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)