စစ်ကိုင်းမြို့ ပဒူတိုက်နယ်ဆေးရုံရှိ ပစ္စည်းများအား PDF အကြမ်းဖက်သမားများက ဓားပြတိုက် ယူဆောင်သွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့ ပဒူတိုက်နယ်ဆေးရုံရှိ ပစ္စည်းများအား PDF အကြမ်းဖက်သမားများက ဓားပြတိုက် ယူဆောင်သွား



MNP ၊ ဇန်နဝါရီလ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ပဒူကျေးရွာတွင်ရှိသော ပဒူတိုက်နယ်ဆေးရုံသည် ခေတ္တပိတ်သိမ်းထားသည်ဖြစ်ရာ ယမန်နေ့ နံနက်ပိုင်းက PDF အကြမ်းဖက်သမားက ဆေးရုံသို့ လက်နက်များကိုင်ဆောင်ကာ ရောက်ရှိလာပြီး ပစ္စည်းများအား ဓားပြတိုက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းမြို့ ပဒူကျေးရွာရှိ ပဒူတိုက်နယ်ဆေးရုံသည် ခေတ္တပိတ်ထားသည့်အခြေအနေတွင် PDF အကြမ်းဖက်သမားများသည်  လက်လုပ်သေနတ်များ ကိုယ်စီကိုင်ဆောင်ကာ ရောက်ရှိလာပြီး ညစောင့်ဝန်ထမ်းများအား ခြိမ်းခြောက်ကာ ဆေးရုံအတွင်းရှိ အခန်းတံခါးများအား ရိုက်ဖျက်ကာ အခန်းအတွင်းရှိ portable x-ray 100 mA စက် ၁ လုံး၊ ခွဲခန်းသုံးကုတင် ၁ လုံး၊ အောက်ဆီဂျင်စက် ၁ လုံး၊ ခွဲခန်းသုံးပစ္စည်းပေါင်းစက်(ပိုးသတ်စက်) ၁ လုံး၊ ဆေးပစ္စည်းမျိုးစုံ တို့အား အတင်းအဓမ္မ ဓားပြတိုက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။ 

အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေသော PDF အကြမ်းဖက်သမားများသည် ဆေးရုံကိုပါ ဓားပြဝင်တိုက်သည့် လုပ်ရပ်မျိုး ကျူးလွန်လာကြသည်။


#MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်နေသည်။ အကြမ်းဖက်အဖွဲ့များအား အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ထောက်ပံ့ပေးနေသည်။ PDF အကြမ်းဖက်သမားများ အလိုမရှိ။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)